ရာဇဝင်ချုပ်ပထမစောင် 36:19
ဗိမာန်တော်ကိုလည်း မီးရှို့၍ ယေရုရှလင်မြို့ရိုး ကို ဖြိုဖျက်ကြ၏။ မင်းအိမ်ရှိသမျှတို့ကိုလည်း မီးရှို့၍ မြို့တန်ဆာအကောင်းအမြတ်ရှိသမျှတို့ကို ဖျက်ဆီးကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 36
Cross References
1 Kings 9:8အရပ်မြင့်သော ဤအိမ်တော်ကိုလည်း လမ်း၌ ရှောက်သွားသော သူအပေါင်းတို့သည် အံ့ဩ၍၊ ထာဝရ ဘုရားသည် ဤပြည်နှင့်ဤအိမ်ကို အဘယ်ကြောင့် ဤသို့ပြုတော်မူသနည်းဟု ကဲ့ရဲ့သံကိုပြုလျက် တယောက် မေးမြန်းသော်၊
2 Chronicles 7:20ငါပေးသောပြည်မှ သူတို့ကို အမြစ်နှင့်တကွ ငါနှုတ်ပစ်မည်။ ငါ့နာမအဘို့ ငါသန့်ရှင်းစေသော ဤအိမ် တော်ကို ငါ့မျက်မှောက်မှ ပယ်ရှားမည်။ တပါးအမျိုးသား တို့တွင် ပုံခိုင်းရာကဲ့ရဲ့ရာ ဖြစ်စေမည်။
Nehemiah 1:3သူတို့က၊ သိမ်းသွားခြင်းကို ခံရသော လူစုထဲက လွတ်၍၊ ထိုပြည်၌ နေသောသူတို့သည် ကြီးစွာသော ဆင်းရဲခြင်း၊ ကဲ့ရဲ့ခြင်းကို ခံရကြ၏။ ယေရုရှလင်မြို့ရိုးသည် ပြိုပျက်လျက်၊ မြို့တံခါးလည်း မီးလောင်၍ ကုန်ပြီဟု ပြန်ပြောကြ၏။
Psalms 74:7သန့်ရှင်းရာဌာနတော်ကို မီးရှို့ကြပါ၏။ နာမ တော်ကျိန်းဝပ်ရာ တဲတော်ကို မြေတိုင်အောင် ရှုတ်ချ ကြပါ၏။
Psalms 79:7အကြောင်းမူကား၊ သူတို့သည် ယာကုပ်အမျိုးကို ကိုက်စား၍၊ သူ၏နေရာကိုလည်း သုတ်သင်ပယ်ရှင်းကြ ပါပြီ။
Jeremiah 7:4ဤသည်ကား၊ ထာဝရဘုရား၏ ဗိမာန်တော်၊ ထာဝရဘုရား၏ ဗိမာန်တော်၊ ထာဝရဘုရား၏ ဗိမာန်တော်ဖြစ်သတည်းဟု မုသာ စကားကို ပြောသောသူတို့၌ မမှီဝဲကြနှင့်။