ရာဇဝင်ချုပ်ပထမစောင် 7:5
နွားနှစ်သောင်းနှစ်ထောင်၊ သိုးတသိန်း နှစ်သောင်းတို့ကို ယဇ်ပူဇော်သဖြင့်၊ ဘုရားသခင်၏ အိမ်တော်ကို အနုမောဒနာပြုကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
4ထိုအခါ ရှောလမုန် မင်းကြီးနှင့်တကွ လူ အပေါင်းတို့သည် ထာဝရဘုရားရှေ့တော်၌ ယဇ်ပူဇော် ကြ၏။
Read all of ရာဇဝင်ချုပ်ပထမစောင် 7
Cross References
1 Kings 8:62ထိုအခါ ရှောလမုန်မင်းကြီးနှင့်တကွ ဣသ ရေလအမျိုးသားအပေါင်းတို့သည် ထာဝရဘုရား ရှေ့တော်၌ ယဇ်ပူဇော်ကြ၏။
2 Chronicles 1:6ထိုသို့ပရိသတ်စည်းဝေးရာတဲတော်ရှေ့၊ ထာဝရ ဘုရားရှေ့တော်၌ရှိသော ကြေးဝါယဇ်ပလ္လင်သို့ ရှော လမုန်ရောက်၍ ထိုပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်တထောင် ကို ပူဇော်လေ၏။
2 Chronicles 5:6ရှောလမုန်မင်းကြီးမှစ၍ သေတ္တာတော်ရှေ့မှာ စည်းဝေးသော ဣသရေလပရိသတ်အပေါင်းတို့သည် မရေတွက်နိုင်၊ အတိုင်းမသိ များစွာသော သိုးနွားတို့ကို ယဇ်ပူဇော်ကြ၏။
2 Chronicles 29:32စည်းဝေးသောသူတို့သည် ထာဝရဘုရားအား မီးရှို့ရာ ယဇ်ပူဇော်စရာဘို့ ဆောင်ခဲ့သော ယဇ်ပေါင်း ကား၊ နွားခုနစ်ဆယ်၊ သိုးတရာ၊ သိုးသငယ်နှစ်ရာတည်း။
2 Chronicles 35:7စည်းဝေးသောသူအပေါင်းတို့သည် ပသခါပွဲ ခံစရာဘို့၊ ယောရှိမင်းသည် မိမိဥစ္စာ၊ သိုးသငယ်၊ ဆိတ် သငယ်သုံးသောင်းနှင့် နွားသုံးထောင်ကို ပေးတော်မူ၏။
Ezekiel 45:17မင်းသားသည်လည်းပွဲသဘင်နေ့၊ လဆန်းနေ့၊ ဥပုသ်နေ့၊ ဣသရေလအမျိုး ပရိသတ်စည်းဝေးသော နေ့ရက် အစဉ်အတိုင်း မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော် သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာတို့ကို ပူဇော်ရမည်။ ဣသရေလအမျိုး၏အပြစ်ကို ဖြေခြင်းငှါ အပြစ်ဖြေရာ ယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ မီးရှို့ရာယဇ်၊ မိဿဟာယ ယဇ်ကိုလည်း ပူဇော်ရမည်။