ရာဇဝင်ချုပ်ပထမစောင် 8:18
ဟိရံသည်လည်း ပင်လယ်ကူသော အမှုကို နားလည်သော မိမိလူများ၊ သင်္ဘေားများကို မိမိကျွန်တို့ နှင့်အတူ ရှောလမုန်ထံသို့ စေလွှတ်သဖြင့်၊ သူတို့သည် ရှောလမုန်မင်း၏ ကျွန်တို့နှင့်အတူ ဩဖိရမြို့သို့သွား၍ ရွေအခွက်လေးရာ ငါးဆယ်ကို ရှောလမုနမင်းကြီးထံသို့ ဆောင်ခဲ့ကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
17တဖန်ရှောလမုန်သည် ဧဒုံပြည်တွင်၊ ပင်လယ် ကမ်းနား၌ ဧဇယုန်ဂါဗာမြို့နှင့် ဧလုတ်မြို့သို့သွား၏။
Read all of ရာဇဝင်ချုပ်ပထမစောင် 8
Cross References
1 Kings 10:22ရှင်ဘုရင်သည် တာရှုသင်္ဘောကို ဟိရံမင်း သင်္ဘောနှင့်အတူ စေလွှတ်သဖြင့်၊ သုံးနှစ်တခါ တာရှု သင်္ဘောသည် ပြန်လာ၍ ရွှေ၊ ငွေ၊ ဆင်စွယ်၊ မျောက်များ၊ ဒေါင်းများကို ဆောင်ခဲ့တတ်၏။
2 Chronicles 9:13ရှေလမုန်ထံသို့ တနှစ်တနှစ်လျှင် ရောက်သော ရွှေချိန်ကား အခွက်ခြောက်ရာ ခြောက်ဆယ်ခြောက် ပိဿာဖြစ်သတည်း။
Ecclesiastes 2:8ရွှေငွေကို၎င်း၊ ရှင်ဘုရင်နှင့်ဆိုင်သောဘဏ္ဍာ၊ ကျေးရွာတို့၌ ခွဲသောအခွန်ကို၎င်း ငါဆည်းပူး၏။ အငြိမ့် သမားယောက်ျားမိန်းမတို့ကို၎င်း၊ လူသားတို့ ပျော်မွေ့ တတ်သော ကြင်လျှာမိန်းမမောင်းမမိဿံတို့ကို၎င်း ငါသိမ်းယူ၏။