ကောရိန္တုဩဝါဒစာဒုတိယစောင် 1:17
ထိုသို့အကြံရှိသောအခါ လျှပ်ပေါ်သော စိတ်ရှိသလော။ သို့မဟုတ် ငါ့စကားမှာ ဟုတ်မှန်၏၊ ဟုတ်မှန်၏ဟူ၍၎င်း၊ မဟုတ်မမှန်၊ မဟုတ်မမှန်ဟူ၍၎င်း၊ ဖြစ်စေခြင်းငှါ ငါကြံစည်သောအရာကို ဇတိပကတိ အတိုင်း ကြံစည်သလော။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ကောရိန္တုဩဝါဒစာဒုတိယစောင် 1
Cross References
Jeremiah 23:32မှားသာအိပ်မက်ကိုဟောပြော၍၊ မုသာစကား နှင့် အချည်းနှီးစကားအားဖြင့် ငါ၏လူမျိုးကိုမှားယွင်း စေသော ပရောဖက်တို့ကို ငါသည် ဆန့်ကျင်ဘက်ပြုမည်။ သူတို့ကို ငါမစေလွှတ်၊ မမှာထားသောကြောင့်၊ ဤလူမျိုး သည် ကျေးဇူးမရှိဟု ထာဝရဘုရား မိန့်တော်မူ၏။
Matthew 5:37သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့။ ဤထက် လွန်သော စကားသည် မကောင်းသောအရာနှင့် စပ်ဆိုင်ပေ၏။
2 Corinthians 1:12ငါတို့ဝါကြွားဝမ်းမြောက်ခြင်း အကြောင်း ဟူမူကား၊ လောကီ ပညာကိုအမှီမပြု၊ ဘုရားသခင်၏ ကျေးဇူးတော်ကို အမှီပြု၍ လျစ်လျူသောစိတ်နှင့်၎င်း၊ ဘုရားသခင် အလိုတော်ရှိသောကြည်ဖြူခြင်းနှင့်၎င်း၊ ငါတို့သည်ဤလောက၌ ကျင့်ကြံပြုမူ၍ သင်တို့ဆီမှာလည်း ထိုသို့အထူးသဖြင့် ကျင့်ကြံပြုမူသည်ဟု ကိုယ်ကို ကိုယ်သိသော စိတ်သည်သက်သေခံသတည်း။
2 Corinthians 10:2ငါတို့သည်ဇာတိပကတိအလိုသို့လိုက်၍ ကျင့်သောသူဖြစ်ကြသည်ဟု ထင်မှတ်သောသူတို့အား၊ ငါကြံစည်သောရဲရင့်ခြင်းအတိုင်း သင်တို့ဆီသို့ရောက်လာသောအခါ၊ ထိုမျှလောက်ရဲရင့်ခြင်းမရှိမည်အကြောင်း ငါတောင်းပန်ပါ၏။
Galatians 2:2ဗျာဒိတ်တော်အတိုင်းပင်သွားသည်ဖြစ်၍၊ တပါးအမျိုးတို့၌ ဟောပြောသော ဧဝံဂေလိတရားကို ထိုအခါငါကြားပြောလေ၏။ ထိုသို့ဆိုသော် ငါဆောင်ရွက် ခဲ့ပြီးသောအမှုနှင့် နောက်၌ ဆောင်ရွက် လတံ့သော အမှုကို အချည်းနှီးမဖြစ်စေခြင်းငှါ၊ အသရေ ထင်ရှားသော သူတို့အားသာ တိတ်ဆိတ်စွာကြားပြော၏။
James 5:12ငါ့ညီအစ်ကိုတို့၊ ခပ်သိမ်းသောအမှုအရာတို့တွင် ကျိန်ဆိုခြင်းကိုသာ၍ ရှောင်ကြလော့။ ကောင်းကင်ဘုံကို တိုင်တည်၍ မကျိန်ကြနှင့်။ မြေကြီးကိုတိုင်တည်၍ မကျိန်ကြနှင့်။ ထိုမှတပါး၊ အဘယ်အကျိန်အားဖြင့်မျှ မကျိန်ကြနှင့်။ အပြစ်စီရင်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ သင်တို့စကားမှာ၊ ဟုတ်သည်ကို အဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေကြလော့။