ကောရိန္တုဩဝါဒစာဒုတိယစောင် 5:13
ငါတို့သည် သူရူးဖြစ်လျှင် ဘုရားသခင်အဘို့ ဖြစ်ကြ၏။ စိတ်ကောင်းသောသူဖြစ်လျှင် သင်တို့အဘို့ ဖြစ်ကြ၏။
1835 Judson Burmese Bible
In The King James Version
For whether we be beside ourselves, it is to God: or whether we be sober, it is for your cause.
In Context
14အကြောင်းမူကား၊ တယောက်သောသူသည် လူအပေါင်းတို့အတွက်ကြောင့် အသေခံသည်မှန်လျှင်၊
Read all of ကောရိန္တုဩဝါဒစာဒုတိယစောင် 5
Cross References
2 Samuel 6:21ဒါဝိဒ်ကလည်း၊ သင့်အဘနှင့်သူ၏ အဆွေအမျိုး အပေါင်းတို့၏ကိုယ်စား၊ ငါ့ကိုရွေးကောက်၍ ထာဝရ ဘုရား၏လူ၊ ဣသရေလအမျိုးကို အုပ်စိုးသော မင်းအရာ၌ ခန်းထားတော်မူသော ထာဝရဘုရားရှေ့တော်တွင် ပြုသည်မဟုတ်လော။ ထာဝရဘုရားရှေ့တော်တွင် ငါ ကခုန်မည်။
Romans 12:3သင်တို့သည် ကိုယ်ကိုထင်သင့်သည် အတိုင်းထက်လွန်၍ မထင်ဘဲ၊ ဘုရားသခင်သည် လူအသီးအသီး တို့အား ယုံကြည်ခြင်းကို ဝေပေးတော်မူသည်နှင့်အညီ၊ ကိုယ်ကိုလျောက်ပတ်စွာထင်ရမည် အကြောင်း ငါသည် ကိုယ်ခံရသော ကျေးဇူးတော်ကိုအမှီပြုလျက်၊ သင်တို့တွင် ရှိသမျှသောသူတို့ကိုမှာထား၏။
2 Corinthians 7:12ထိုသို့နှင့်အညီ၊ ငါသည်သင်တို့အား ရေး၍ပေးလိုက်သောအခါ၊ ပြစ်မှားသောသူနှင့် ပြစ်မှားခြင်း ခံရသောသူကိုသာ ထောက်၍ ရေးသည်မဟုတ်။ သင်တို့အကျိုးကိုငါတို့သည် ဘုရားသခင်ရှေ့တော်၌ ပြုစု ချင်သောစေတနာစိတ်ရှိကြောင်းကို သင်တို့အား ထင်ရှားစေခြင်းငှါ ရေးသတည်း။
2 Corinthians 11:16တဖန်ငါဆိုသည်ကား၊ ငါ့ကိုသူရူးဖြစ်သည်ဟု အဘယ်သူမျှ မထင်စေနှင့်။ သို့မဟုတ်ငါဝါကြွားစရာ အခွင့်အနည်းငယ်ရှိစေခြင်းငှါ ငါ့ကိုသူရူးကဲ့သို့ မှတ်၍ သည်းခံကြလော့။
2 Corinthians 12:11ငါသည် ဝါကြွားတတ်သော သူရူးဖြစ်သလော။ ထိုသို့ဖြစ်လျှင်၊ သင်တို့သည် ငါ့ကိုအနိုင်အထက်ဖြစ်စေကြပြီ။ အဘယ်သို့နည်းဟူမူကား၊ သင်တို့ချီးမွမ်းခြင်းကို ငါခံသင့်၏။ ငါသည် ဘာမျှမဟုတ်သော်လည်း၊ အကြီးဆုံးသော တမန်တော်အောက် အလျှင်းမယုတ်မညံ့။
1 Thessalonians 1:5ငါတို့သည် သင်တို့နှင့်အတူနေသောအခါ သင်တို့အတွက် အဘယ်သို့သော သူဖြစ်သည်ကို သင်တို့ သိကြသည်နှင့်အညီ၊ ငါတို့ဟောပြောသော ဧဝံဂေလိတရားသည်၊ သင်တို့၌ စကားသက်သက်ဖြစ်သည် မဟုတ်။ တန်ခိုးနှင့်၎င်း၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်၎င်း၊ ဝိစိကိစ္ဆာမရှိဘဲ အမှန်သိခြင်းနှင့်၎င်း ပြည့်စုံသော တရားဖြစ်၏။