ကောရိန္တုဩဝါဒစာဒုတိယစောင် 7:13
ထိုကြောင့်သင်တို့၏ သက်သာခြင်း အကြောင်း အားဖြင့်၊ ငါတို့သည်လည်း သက်သာခြင်း သို့ရောက်သည် သာမက၊ တိတု၏ဝမ်းမြောက်ခြင်းအကြောင်းအားဖြင့် သာ၍အလွန်ဝမ်းမြောက်ကြ၏။ သင်တို့ရှိသမျှသည် ထိုသူ၏စိတ်နှလုံးကို သက်သာဝမ်းမြောက်စေကြသည် ဖြစ်၍၊
1835 Judson Burmese Bible
In The King James Version
In Context
Read all of ကောရိန္တုဩဝါဒစာဒုတိယစောင် 7
Cross References
Romans 12:15ဝမ်းမြောက်သောသူတို့နှင့်အတူ၊ ဝမ်းမြောက်ခြင်းကို၎င်း၊ ငိုကြွေးသောသူတို့နှင့်အတူ ငိုကြွေးခြင်းကို ၎င်း ပြုကြလော့။
1 Corinthians 12:26သို့ဖြစ်၍၊ အင်္ဂါတခုတည်း ဆင်းရဲခြင်းကို ခံရလျှင်၊ အင်္ဂါအပေါင်းတို့သည် အတူခံရကြ၏။ အင်္ဂါ တခုသည် ချီးမြှောက်ခြင်းကို ခံရလျှင်၊ အင်္ဂါအပေါင်းတို့သည် အတူဝမ်းမြောက်ရကြ၏။
1 Corinthians 16:13သင်တို့သည် သတိနှင့်စောင့်နေကြလော့။ ယုံကြည်ခြင်း၌ တည်ကြလော့။ ယောက်ျား အစွမ်းသတ္တိ နှင့်တကွ ခွန်အားစုံလင်လျက်နေကြလော့။
2 Corinthians 2:13ငါ့ညီတိတုကို ငါမတွေ့သောကြောင့် စိတ်မသက်သာသဖြင့်၊ ထိုသူတို့ကိုအခွင့်ပန်ပြီးမှ မာကေဒေါနိပြည်သို့ ထွက်သွားလေ၏။
2 Corinthians 7:15သင်တို့သည် ကြောက်ရွံ့တုန်လှုပ်ခြင်းနှင့် သူတို့ လက်ခံ၍နားထောင် ကြသည်ကို သူသည် အောက်မေ့သဖြင့်၊ သင်တို့ကို ချစ်သနားခြင်း မေတ္တာကရုဏာစိတ်နှင့် အလွန်ပြည့်စုံ၏။
2 Timothy 1:16ထာဝရဘုရား၏ ကရုဏာတော်သည် ဩနေသိဖော်၏အိမ်၌သက်ရောက်ပါစေသော။ သူသည်ငါ့ကို အဖန်ဖန်သက်သာစေပြီ။ ငါ၌သံကြိုးချည်နှောင်လျက်ရှိသော်လည်း၊ သူသည် ရှက်ကြောက်ခြင်းမရှိဘဲ၊