ကောရိန္တုဩဝါဒစာဒုတိယစောင် 7:3
သင်တို့ကိုအပြစ်တင်၍ ဤသို့ငါဆိုသည်မဟုတ်။ သင်တို့နှင့် အတူအသက်ရှင်ခြင်းငှါ၎င်း၊ သေခြင်းငှါ၎င်း၊ အလိုရှိသည်တိုင်အောင်၊ ငါတို့သည် သင်တို့ကိုချစ်ကြ၏ဟု အထက်ကငါပြောခဲ့ပြီ။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ကောရိန္တုဩဝါဒစာဒုတိယစောင် 7
Cross References
1 Corinthians 4:14သင်တို့သည် ရှက်စေခြင်းငှါ ဤသို့ငါရေးသည် မဟုတ်။ သင်တို့ကို ချစ်သားကဲ့သို့ မှတ်၍ သတိပေး၏။
2 Corinthians 3:2သင်တို့သည် ငါတို့စိတ်နှလုံးပေါ်၌ ရေးထားသောစာ၊ လူအပေါင်းတို့သိ၍ ဘတ်တတ်သောငါတို့ စာပင်ဖြစ်ကြသတည်း။
2 Corinthians 7:12ထိုသို့နှင့်အညီ၊ ငါသည်သင်တို့အား ရေး၍ပေးလိုက်သောအခါ၊ ပြစ်မှားသောသူနှင့် ပြစ်မှားခြင်း ခံရသောသူကိုသာ ထောက်၍ ရေးသည်မဟုတ်။ သင်တို့အကျိုးကိုငါတို့သည် ဘုရားသခင်ရှေ့တော်၌ ပြုစု ချင်သောစေတနာစိတ်ရှိကြောင်းကို သင်တို့အား ထင်ရှားစေခြင်းငှါ ရေးသတည်း။
2 Corinthians 12:15ငါသည်သင်တို့ကို ချစ်ခြင်းမေတ္တာ စိတ်တိုးပွါးသည်အတိုင်း သင်တို့သည် ငါ့ကိုချစ်ခြင်း မေတ္တာစိတ် ဆုတ်ယုတ်သော်လည်း၊ သင်တို့ စိတ်ဝိညာဉ်၏ အကျိုး အလိုငှါ ငါသည်ကိုယ်ဥစ္စာကို၎င်း၊ ကိုယ်ကို၎င်း၊ ကုန်စေ ခြင်းငှါ အလွန်စေတနာရှိ၏။
Philippians 1:8ငါသည် သင်တို့အပေါင်းကို ယေရှုခရစ်၏ မေတ္တာကရုဏာနှင့် အဘယ်မျှလောက် လွမ်းသည်ဟု ဘုရားသခင်သည် ငါ့သက်သေဖြစ်တော်မူ၏။