1 ဓမ္မရာဇဝင်တတိယစောင် 10:15
ထိုစရပ်မှထွက်သောအခါ ခရီးဦးကြိုပြုအံ့ဟု လာသော ရေခပ်သားယောနဒပ်ကို တွေ့၍နှုတ်ဆက် သဖြင့်၊ ငါ့စိတ်နှလုံးသည် သင့်စိတ်နှလုံးနှင့် သင့်၍ သဘောဖြောင့်သကဲ့သို့ သင့်စိတ်နှလုံးသည် သဘောဖြောင့် သလောဟုမေးလျှင်၊ ဖြောင့်ပါသည်ဟုလျှောက်ဆိုသော်၊ ထိုသို့မှန်လျှင် သင့်လက်ကိုပေးပါဟုဆိုသည်အတိုင်း၊ လက်ကိုပေး၍ယေဟုသည် မိမိအနားသို့ ရထားပေါ်မှာ ဆွဲတင်လျက်၊
1835 Judson Burmese Bible
In The King James Version
In Context
16ငါနှင့်အတူလိုက်၍ ထာဝရဘုရားဘက်၌ ငါ့စိတ်အားကြီးကြောင်းကို ကြည့်ရှုလော့ဟုဆိုသဖြင့် မိမိရထားကို စီးစေ၏။
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 10
Cross References
Genesis 31:55နံနက်စောစော လာဗန်ထ၍ မိမိသားသမီးများ ကို နမ်းလျက် ကောင်းကြီးပေးပြီးမှ၊ မိမိနေရာပြည်သို့ ပြန်သွားလေ၏။
Genesis 47:10ဖါရောမင်းကို ကောင်းကြီးပေး၍ အထံတော်က ထွက်သွားလေ၏။
2 Kings 9:21ယောရံမင်းကလည်း၊ မြင်းရထားကို ပြင်ဆင် လော့ဟုဆိုသည်အတိုင်း၊ မြင်းရထားကို ပြင်ဆင်ကြ၏။ ဣသရေလရှင်ဘုရင်ယောရံနှင့် ယုဒရှင်ဘုရင် အာခဇိတို့ သည် ရထားတော်တခုစီစီးလျက်ယေဟုကို ဆီးကြို မည်ဟု ထွက်သွား၍၊ ယေဇရေလမြို့သား နာဗုတ်၏ မြေကွက်တွင် တွေ့ကြ၏။
1 Chronicles 2:55ယာဗက်မြို့၌နေသော ရှောဖရိလူ၊ တိရသိလူ၊ ရှိမသိလူ၊ စုခသိလူတည်း။ ထိုသူတို့သည် ရေခပ်အမျိုး၏ အဘဟေမတ်မှ ဆင်းသက်သော ကိနိအမျိုး၏ အဘ ဟေမတ်မှဆင်းသက်သော ကိနိအမျိုးဖြစ်သတည်း။
1 Chronicles 12:18ဝိညာဉ်တော်သည် ဗိုလ်ချုပ်အာမသဲအပေါ်မှာ သက်ရောက်၍၊ အိုဒါဝိဒ်၊ ကျွန်တော်တို့သည် ကိုယ်တော် ၏လူ၊ အိုယေရှဲ၏သားတော်၊ ကိုယ်တော်ဘက်သို့ ဝင်စား သောသူဖြစ်ပါ၏။ ကိုယ်တော်၌ မင်္ဂလာရှိပါစေသော။ မင်္ဂလာရှိပါစေသော။ ကိုယ်တော်ကိုမစသောသူ၌ မင်္ဂလာ ရှိပါစေသော။ ကိုယ်တော်၏ဘုရားသခင်သည် ကိုယ် တော်ကို မစတော်မူပါစေသောဟု ပြန်ပြောလေသော်၊ ဒါဝိဒ်သည် သူတို့ကို လက်ခံ၍ ဗိုလ်အရာ၌ ခန့်ထား လေ၏။
Nehemiah 3:14ဗေသက္ကရင်မြို့တပိုင်းကို အုပ်သောရေခပ်သား မာလခိသည်၊ နောက်ချေးတံခါးကို ပြင်၍ တံခါးရွက်၊ သော့ခလောက်၊ ကန့်လန့်ကျင်တို့ကို လုပ်ထား၏။