The Bible Software
bible.software › 1 ဓမ္မရာဇဝင်တတိယစောင် › 1 ဓမ္မရာဇဝင်တတိယစောင် 11 › 1 ဓမ္မရာဇဝင်တတိယစောင် 11:12

1 ဓမ္မရာဇဝင်တတိယစောင် 11:12

ယဇ်ပုရောဟိတ်သည် ရှင်ဘုရင်သားတော်ကို ပြင်သို့ထုတ်၍၊ ရာဇသရဖူနှင့် ပညတ္တိကျမ်းကို တင်လျက်၊ ဘိသိတ်ပေးလျက်၊ ရှင်ဘုရင်အရာ၌ချီးမြှောက်ပြီးမှ ရှင်ဘုရင်အသက်တော်ရှင်စေသတည်းဟု လက်ခုပ်တီး၍ ကြွေးကြော်ကြ၏။

1835 Judson Burmese Bible

In The King James Version

And he brought forth the king’s son, and put the crown upon him, and gave him the testimony; and they made him king, and anointed him; and they clapped their hands, and said, God save the king.

In Context

11စောင့်သောသူအပေါင်းတို့သည် လက်နက်ကို ကိုင်လျက်၊ ရှင်ဘုရင်ကို ဝိုင်း၍ ယဇ်ပလ္လင်အနားနှင့် ဗိမာန်တော်အနား၌ လက်ျာထောင့်မှစ၍ လက်ဝဲထောင့် တိုင်အောင် ရပ်ကြ၏။

13အာသလိသည် တပ်သားပြုသောအသံနှင့် လူများပြုသော အသံကိုကြားလျှင်၊ လူများရှိရာ ဗိမာန် တော်သို့သွား၍၊

Read all of 1 ဓမ္မရာဇဝင်တတိယစောင် 11

Cross References

Exodus 31:18ထိုသို့ ဘုရားသခင်သည် သိနာတောင်ပေါ်မှာ မောရှေနှင့် နှုတ်ဆက်တော်မူသည်အဆုံး၌၊ လက်ညှိုးတော်နှင့် အက္ခရာတင်သော သက်သေခံချက်၊ ကျောက်ပြားနှစ်ပြားကို ပေးတော်မူ၏။

1 Samuel 10:1ဆီဘူးကိုယူ၍ ရှောလု၏ခေါင်းပေါ်မှာ လောင်းလေ၏။ တဖန် သူ့ကိုနမ်းသဖြင့်၊ ထာဝရဘုရားသည် သင့်ကို အမွေတော်လူမျိုး၏ မင်းအရာ၌ ခန့်ထား၍ ဆီလောင်ခြင်း ဘိသိက်ကိုပေးတော်မူ၏။

1 Samuel 16:13ရှမွေလသည်လည်း၊ ဆီဘူးကိုယူ၍ သူ၏ အစ်ကိုစုထဲမှာ သူ့ကို ဘိသိက်ပေးလေ၏။ ထိုနေ့မှစ၍ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ဒါဝိဒ်အပေါ်မှာ သက်ရောက်လေ၏။ ရှမွေသည် ထ၍ ရာမ မြို့သို့ ပြန်သွား၏။

2 Samuel 2:4တဖန်ယုဒလူတို့သည် လာ၍ဘိသိက်ပေးသဖြင့် ဒါဝိဒ်ကို ယုဒရှင်ဘုရင်အရာ၌ ချီးမြှောက်ကြ၏။

2 Samuel 5:3ထိုသို့ ဣသရေလအမျိုးအသက်ကြီးသူအပေါင်း တို့သည် ရှင်ဘုရင်ရှိရာ ဟေဗြုန်မြို့သို့ ရောက်လာလျှင်၊ ဒါဝိဒ်မင်းကြီးသည် ဟေဗြုန်မြို့၌ ထာဝရဘုရားရှေ့တော်မှာ သူတို့နှင့် မိဿဟာယဖွဲ့ခြင်း၊ သူတို့သည် ဒါဝိဒ်ကို ဘိတ်သိတ်ပေး၍ ဣသရေလရှင်ဘုရင်အရာ၌ ချီးမြှောက် ကြ၏။

2 Samuel 16:16ဒါဝိဒ်၏ အဆွေခင်ပွန်းအာခိလူဟုရှဲသည်လည်း အဗရှလုံထံသို့ ရောက်လာ၍၊ ရှင်ဘုရင် အသက် တော်ရှင်စေသတည်း၊ ရှင်ဘုရင်အသက်တော်ရှင်စေသတည်းဟု ကောင်းကြီးပေး၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study 1 ဓမ္မရာဇဝင်တတိယစောင် 11:12

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← 1 ဓမ္မရာဇဝင်တတိယစောင် 11:111 ဓမ္မရာဇဝင်တတိယစောင် 111 ဓမ္မရာဇဝင်တတိယစောင် 11:13 →