1 ဓမ္မရာဇဝင်တတိယစောင် 13:9
ယောခတ်သည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ရှမာရိမြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော် ယဟောရှသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
1835 Judson Burmese Bible
In The King James Version
In Context
8ယောခတ်ပြုမူသော အမှုအရာကြွင်းလေသမျှ တို့နှင့် တန်ခိုးကြီးခြင်းအရာသည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 13
Cross References
1 Kings 14:13ဣသရေလအမျိုးသားအပေါင်းတို့သည် ငိုကြွေး မြည်တမ်းခြင်းကို ပြု၍ သင်္ဂြိုဟ်ကြလိမ့်မည်။ ယေရော ဗောင်အမျိုးသားစုတွင်၊ ထိုသူငယ်တယောက်တည်းသာ သင်္ဂြိုဟ်ခြင်းကို ခံရလိမ့်မည်။ အကြောင်းမူကား၊ ယေရော ဗောင်အမျိုးသားစုတွင် ထိုသူငယ်တယောက်သည် ဣသရေလအမျိုး၏ဘုရားသခင်ထာဝရဘုရား၌ ကြည်ညို သော စိတ်ရှိ၏။
2 Kings 13:10ယုဒရှင်ဘုရင်ယောရှ နန်းစံသုံးဆယ်ခုနစ်နှစ် တွင်၊ ယောခတ်သား ယဟောရှသည် ရှမာရိမြို့၌မင်းပြု၍ ဣသရေလနိုင်ငံကို ဆယ်ခြောက်နှစ်စိုးစံ၏။
2 Kings 14:8ထိုအခါ ဣသရေလရှင်ဘုရင်ယေဟုသား ယောခတ်၏ သားယဟောရှထံသို့ သံတမန်ကို စေလွှတ် ၍၊ ငါတို့သည် မျက်နှာချင်းဆိုင်မိကြကုန်အံ့ဟု မှာလိုက် လျှင်၊