1 ဓမ္မရာဇဝင်တတိယစောင် 14:25
ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား သည် မိမိကျွန် ဂါသေဖာမြို့နေ၊ အမိတ္တဲ၏ သား ပရောဖက်ယောနအားဖြင့် မိန့်တော်မူ သောစကားတော် အတိုင်း၊ ထိုမင်းသည် ဣသရေလနိုင်ငံကို ဟာမက်မြို့ ဝင်ဝမှသည် ချိုင့်ပင်လယ်တိုင်အောင် ရန်သူလက်မှ နှုတ်၍ပြုစုလေ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 14
Cross References
Numbers 13:21ထိုသူတို့သည် ဇိနတောမှသွား၍ ဟာမတ်မြို့သို့ ရောက်သော လမ်းနား၊ ရဟောဘမြို့တိုင်အောင် ခါနာန် ပြည်ကို စူးစမ်းကြ၏။
Numbers 34:8ထိုတောင်မှ ဟာမတ်လမ်းဝ၊ ဇေဒဒ်ရွာ၊
Joshua 19:13ထိုမြို့မှစ၍ အရှေ့ဘက်နားမှာလိုက်လျက်၊ ဂိတ္တ ဟေဖါမြို့၊ အိတ္တကာဇိန်မြို့၊ ရိမ္မုန်မေသောရနေအာမြို့သို့ ရောက်လေ၏။
2 Kings 10:32ထိုကာလတွင်၊ ထာဝရဘုရားသည် ဣသရေလ ပြည် စွန်းတို့ကို ဖြတ်တော်မူ၏။
Ezekiel 47:16ဟာမတ်မြို့နှင့် ဗေရောသာမြို့ကို၎င်း၊ ဒမာသက်နယ်နှင့်ဟာမတ်နယ်ဆက်ကြားမှာ သိဗရိမ် မြို့ကို၎င်း၊ ဟောရန်မြို့အနားမှာ၊ ဟာဇာဟတ္တိကုန်းမြို့ကို ၎င်း ဝိုင်း၍၊
Jonah 1:1အမိတ္တဲ၏သား ယောနသို့ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊