1 ဓမ္မရာဇဝင်တတိယစောင် 15:5
ထာဝရဘုရားသည် ဒဏ်ခတ်တော်မူသဖြင့်၊ ရှင်ဘုရင်သည် သေသည်တိုင်အောင် နူနာစွဲ၍ ခြားနား သော နန်း၌နေရ၏။ သားတော် ယောသံသည် နန်းတော် ကိုအုပ်၍ နိုင်ငံတော်မှုကို စီရင်ရ၏။
1835 Judson Burmese Bible
In The King James Version
In Context
6ဩဇိပြုမူသော အမှုအရာကြွင်းလေသမျှ တို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 15
Cross References
Numbers 12:10မိုဃ်းတိမ်သည် တဲတော်အပေါ်မှ ကွာသွား၏။ မိရိအံသည်လည်း၊ နူနာစွဲ၍ မိုဃ်းပွင့်ကဲ့သို့ ဖြူလေ၏။ အာရုန်ကြည့်၍ မိရိအံနူသည်ကိုမြင်လျှင်၊
Deuteronomy 24:8နူနာဘေးရောက်သောအခါ၊ လေဝိသား ယဇ် ပုရောဟိတ်တို့ သွန်သင်သမျှအတိုင်း သတိပြု၍ စေ့စေ့ စောင့်ရှောက်လော့။ သူတို့ကို ငါမှာထားသည်အတိုင်း ကျင့်စောင့်ကြလော့။
2 Samuel 8:15ထိုသို့ ဒါဝိဒ်သည် ဣသရေလနိုင်ငံလုံးကို စိုးစံ၍၊ နိုင်ငံတော်သားတို့တွင် တရားမှုကို စီရင်ဆုံးဖြတ် တော်မူ၏။
1 Kings 3:9သို့ဖြစ်၍ ကိုယ်တော်ကျွန်သည် ကိုယ်တော်၏ လူတို့ကို တရားစီရင်နိုင်မည်အကြောင်း ကောင်းမကောင်း ကို ပိုင်းခြား၍ သိတတ်သောဉာဏ်ကို ပေးသနားတော် မူပါ။ ဤမျှလောက်များစွာသော ကိုယ်တော်၏ လူတို့ကို အဘယ်သူသည် ကိုယ်အလိုအလျောက် တရားစီရင်နိုင်ပါ မည်နည်းဟု တောင်းလျှောက်၏။
2 Kings 5:27သို့ဖြစ်၍နေမန်၏ နူနာသည်သင်၌၎င်း၊ သင်၏ သားမြေး၌၎င်း၊ အစဉ်အမြဲစွဲစေဟု ဆိုသည်အတိုင်း၊ ဂေဟာဇိသည် နူနာစွဲ၍ မိုဃ်းပွင့်ကဲ့သို့ဖြူလျက်၊ သခင်ထံ မှ ထွက်သွား၏။
2 Kings 15:32ဣသရေလရှင်ဘုရင် ရေမလိသား ပေကာ နန်းစံနှစ်နှစ်တွင်၊ ယုဒရှင်ဘုရင်ဩဇိသား ယောသံသည် အသက်နှစ်ဆယ်ငါးနှစ်ရှိသော် နန်းထိုင်၍၊