1 ဓမ္မရာဇဝင်တတိယစောင် 24:20
ထာဝရဘုရားသည် ယုဒပြည်သူ ယေရုရှလင် မြို့သားတို့ကို အထံတော်မှ မနှင့်ထုတ်မှီတိုင်အောင် အမျက်ထွက်တော်မူ၍၊ ဇေဒကိမင်းသည် ဗာဗုလုန် ရှင်ဘုရင်ကို ပုန်ကန်လေ၏။
1835 Judson Burmese Bible
In The King James Version
In Context
19ထိုမင်းသည် ယောယကိမ်ပြုသမျှအတိုင်း ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကိုပြု၏။
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 24
Cross References
Exodus 9:14သို့မဟုတ် ယခုကာလအခါ သင်၏နှလုံး၌၎င်း၊ သင်၏ကျွန်များ၊ လူများ၌၎င်း၊ ငါ၏ဘေးဒဏ်အလုံးစုံ တို့ကို သင့်ရောက်စေမည်။ မြေကြီးတရှောက်လုံး၌ ငါကဲ့သို့သောသူ မရှိကြောင်းကိုသင်သည် သိရလိမ့်မည်။
Deuteronomy 29:27ဤမည်သောကျမ်းစာ၌ ရေးထားသော အမင်္ဂ လာရှိသမျှတို့ကို ဤပြည်၌ သင့်ရောက်စေခြင်းငှာ၊ ထာဝ ရဘုရားသည် အမျက်တော်ထွက်သဖြင့်၊
2 Kings 24:1ယောယကိမ်မင်းလက်ထက် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ချီလာ၍၊ ယောယကိမ်သည် သုံးနှစ် ကျွန်ခံပြီးမှ တဖန်လှန်ပြန်၍ ပုန်ကန်လေ၏။
2 Chronicles 36:13ဘုရားသခင် အကျိန်တိုက်ပြီးသော နေဗုခဒ် နေဇာမင်းကြီးကို ပုန်ကန်လေ၏။ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားထံတော်သို့ မပြန်မည် အကြောင်း၊ မိမိလည်ပင်းကို၎င်း၊ မိမိနှလုံးကို၎င်း ခိုင်မာစေ၏။
Jeremiah 27:12ထိုစကားတော်ရှိသမျှကို ငါပြန်၍ ယုဒ ရှင်ဘုရင်ဇေဒကိအား လျှောက်ဆိုသည်ကား၊ ဗာဗုလုန် ရှင်ဘုရင်၏ ထမ်းဘိုးကိုထမ်း၍၊ သူနှင့် သူ၏လူများ အစေကို ခံလျက်၊ အသက်ချမ်းသာပါလော့။
Ezekiel 17:12ပုန်ကန်တတ်သော အမျိုးအား သင်ပြောရ မည်မှာ၊ ဤစကားအဘယ်သို့ဆိုလိုသည်ကို နားလည်ကြ သလော။ ဗာဗုလုန်ရှင်ဘုရင်သည် ယေရုရှလင်မြို့သို့ ရောက်၍၊ ယေရုရှလင်ရှင်ဘုရင်နှင့်မှူးတော် မတ်တော် တို့ကို ဗာဗုလုန်မြို့သို့သိမ်းသွားပြီ။