1 ဓမ္မရာဇဝင်တတိယစောင် 5:17
နေမန်ကလည်း၊ သို့ဖြစ်လျှင် ကိုယ်တော်ကျွန် သည် မြည်းနှစ်စီးနှင့် တင်၍မြေအနည်းငယ်ကို ယူပါရ စေ။ ကိုယ်တော်ကျွန်သည် မီးရှို့ရာ ယဇ်အစရှိသော အဘယ်ယဇ်ကိုမျှ ထာဝရဘုရားမှ တပါးအခြားသော ဘုရားအား နောက်တဖန် မပူဇော်ပါ။
1835 Judson Burmese Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 5
Cross References
Exodus 20:24ငါ့အဘို့ မြေယဇ်ပလ္လင်ကို တည်ရမည်။ ထိုပလ္လင်ပေါ်မှာ သင်၏မီးရှို့သောယဇ်၊ မိဿဟာယယဇ် တည်းဟူသော သင်၏သိုးနွားတို့ကို ယဇ်ပူဇော်ရမည်။ ငါ့အခွင့်ရှိ၍၊ ငါ့နာမကို ကိုးကွယ်ရာအရပ်ခပ်သိမ်းတို့၌၊ သင့်ဆီသို့ ငါကြွလာ၍ ကောင်းကြီးပေးမည်။
Acts 26:18သင်သည် ယခုမြင်ရသောအကြောင်းအရာတို့နှင့်၊ နောက်မှ ငါသည်သင့်အား ထင်ရှားလတံ့သော အကြောင်းအရာတို့မှာ၊ အမှုဆောင်ရွက်သောသူ၊ သက်သေခံသောသူအရာ၌ သင့်ကိုခန့်ထားစေခြင်းငှါ ငါသည်သင့်အား ထင်ရှား၏။ တပါးအမျိုးသားတို့သည် မှောင်မိုက်မှ အလင်းသို့ ကူးမြောက်၍၊ စာတန်၏အာဏာထဲမှ ဘုရားသခင့် အထံတော်သို့ ပြောင်းလဲသောအားဖြင့် အပြစ်လွှတ်ခြင်း ကျေးဇူးကို ခံရမည်အကြောင်းနှင့်၊ ငါ့ကို ယုံကြည်သော အားဖြင့် သန့်ရှင်းခြင်းသို့ ရောက်သောသူတို့နှင့် ဆက်ဆံ ၍ အမွေခံရမည်အကြောင်း၊ သူတို့၏မျက်စိကိုဖွင့်စေ ခြင်းငှါသူတို့ဆီသို့ သင့်ကို ငါစေလွှတ်မည်ဟု မိန့်တော် မူ၏။
1 Thessalonians 1:9ငါတို့သည် သင်တို့အထဲသို့ အဘယ်သို့ ဝင်ကြသည် အကြောင်းအရာကို သူတို့သည် ကိုယ်တိုင်ကြား ပြောကြ၏။ အသက်နှင့် ပြည့်စုံလျက် မှန်တော်မူသော ဘုရားသခင်၏ အမှုတော်ကို သင်တို့သည် ဆောင်ခြင်း ငှါ၎င်း၊