1 ဓမ္မရာဇဝင်ပထမစောင် 13:1
ဒါဝိဒ်၏သား အဗရှလုံ၌ တာမာအမည်ရှိသော အဆင်းလှသော နှမတယောက်ရှိ၏။ ဒါဝိဒ်၏သား အာမနုန်သည် ထိုနှမကို ချစ်လေ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 13
Cross References
Genesis 6:2ဘုရားသခင်၏သားတို့သည် လူသမီးတို့ လှကြောင်းကိုမြင်၍၊ ကိုယ်စိတ်ရှိသည်အတိုင်း စုံဘက်ကြ၏။
Genesis 29:20ယာကုပ်သည်လည်း၊ ရာခေလကို ရခြင်းငှါ ခုနစ်နှစ် အစေခံလေ၏။ ရာခေလကိုချစ်သောကြောင့်၊ ခုနစ်နှစ်ကို နည်းသောနေ့ရက်ကဲ့သို့ ထင်မှတ်သတည်း။
Genesis 39:6သခင်သည် မိမိ၌ရှိသမျှကို ယောသပ်လက်သို့ အပ်၍၊ မိမိစားသောအစာမှတပါး အခြားသော ဥစ္စာ ရှိမှန်းကိုမျှ မသိမမှတ်ဘဲနေ၏။ ယောသပ်သည် ပုံပြင် ယဉ်ကျေး၍ အသွေးအဆင်းလည်းလှသောသူဖြစ်၏။
2 Samuel 3:3ဒုတိယသားကား၊ နာဗလမယား၊ ကရမေလမြို့သူ အဘိဂဲလတွင်မြင်သောသား ခိလပ်တည်း။ တတိယသားကား၊ ဂေရှုရိရှင်ဘုရင်တာလမဲ သမီးမာခါ၏သား အဗရှလုံတည်း။
2 Samuel 13:15တဖန်အာမနုန်သည် နှမကိုအလွန်မုန်းပြန်၏။ အရင်ချစ်အား ကြီးသည်ထက် မုန်းအားသာ၍ကြီးသဖြင့်၊ သင်ထ၍သွားတော့ဟုဆို၏။
1 Kings 11:1ရှောလမုန်မင်းကြီးသည် ဖာရောဘုရင်၏ သမီးမှတပါး၊ ဣသရေလအမျိုးသားမဟုတ်သော မောဘအမျိုး၊ အမ္မုန်အမျိုး၊ ဧဒုံအမျိုး၊ ဇိဒုန်အမျိုး၊ ဟိတ္တိအမျိုးသား မိန်းမအများတို့ကို ချစ်တတ်၏။