1 ဓမ္မရာဇဝင်ပထမစောင် 18:2
လူသုံးစုတစုကို ယွာဘ၌၎င်း၊ တစုကို ဇေရုယာ သား ယွာဘညီ အဘိရှဲ၌၎င်း၊ တစုကိုဂိတ္တိလူ အိတ္တဲ၌၎င်း အပ်၍၊ ငါ့ကိုယ်တိုင်ချီသွားမည်ဟု လူများတို့အား မိန့်တော် မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
1ဒါဝိဒ်သည် မိမိ၌ပါသော လူတို့ကိုရေတွက်၍ တထောင်အုပ်၊ တရာအုပ်တို့ကို ခန့်ထား၏။
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 18
Cross References
Judges 7:19ထိုသို့ ဂိဒေါင်နှင့် သူ၌ပါသော လူတရာတို့သည် သန်းခေါင်ယံ၌ ကင်းလဲစက တပ်ပြင်သို့ ရောက်သဖြင့် တံပိုးမှုတ်ကြ၏။ မိမိကိုင်သော အိုးတို့ကိုလည်း ခွဲကြ၏။
1 Samuel 11:11နက်ဖြန်နေ့၌ ရှောလုသည် လူတို့ကို သုံးတပ်ခွဲပြီးမှ၊ နံနက်ယံအချိန်၌ ရန်သူအလုံးအရင်းထဲသို့ ဝင်၍ နေပူချိန်တိုင်အောင် အမ္မုန်အမျိုးသားတို့ကို လုပ်ကြံသဖြင့်၊ ကျန်ကြွင်းသောသူတယောက်နှင့် တယောက်ပေါင်း၍ မနေရသည်တိုင်အောင် လူအပေါင်းတို့သည် ကွဲပြားလျက် ရှိကြ၏။
2 Samuel 10:7ထိုသိတင်းကို ဒါဝိဒ်သည်ကြားလျှင် ယွာဘနှင့် ခွန်အားကြီးသောသူရဲအလုံးအရင်းအပေါင်းကို စေလွှတ် ၏။
2 Samuel 10:10ကြွင်းသောသူတို့ကို အမ္မုန်အမျိုးသားတို့တဘက်၌ စစ်ခင်းကျင်း စေခြင်းငှါ၊ ညီအဘိရှဲလက်သို့ အပ်လျက်၊
2 Samuel 17:11သို့ဖြစ်၍ ကျွန်တော်သည် အကြံပေးပါမည်။ ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် ဣသရေလ အမျိုးသားအပေါင်းတို့သည် အရေအတွက်အားဖြင့် သမုဒ္ဒရာသဲလုံးနှင့်အမျှ ကိုယ်တော်ထံ၌ စည်းဝေး၍ ကိုယ်တော်တိုင် စစ်ချီတော်မူရမည်။
2 Samuel 23:18ဇေရုယာသားယွာဘညီအဘိရှဲသည်လည်း သူရဲ သုံးယောက်တွင် အကြီးဖြစ်၏။ သူသည်လှံကိုကိုင်၍ လူသုံးရာတို့ကို တိုက်ဖျက်လုပ်ကြံသောကြောင့်၊ သူရဲ သုံးယောက်အဝင်နေရာရသတည်း။