1 ဓမ္မရာဇဝင်ပထမစောင် 19:27
အရှင်မင်းကြီးထံတော်၌ ကိုယ်တော်ကျွန်ကို ကုန်းတိုက်ပါပြီ။ သို့ရာတွင် အရှင်မင်းကြီးသည် ဘုရားသခင်၏ ကောင်းကင်တမန်ကဲ့သို့ ဖြစ်တော်မူ၏။ စိတ်တော်ရှိသည်အတိုင်း ပြုတော်မူပါ။
1835 Judson Burmese Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 19
Cross References
1 Samuel 29:9အာခိတ်မင်းက၊ သင်သည် ငါ့ရှေ့မှာ ဘုရားသခင်၏ ကောင်းကင်တမန်ကဲ့သို့ ကောင်းသည်ကို ငါသိ၏။ သို့သော်လည်း ငါတို့နှင့်အတူ စစ်တိုက်မလိုက်စေနှင့်ဟု ဖိလိတ္တိမင်းတို့သည် စီရင်ကြပြီ။
2 Samuel 9:13ထိုသို့ မေဖိဗောရှက်သည် ယေရုရှလင်မြို့၌နေ၍ ရှင်ဘုရင်၏စားပွဲတော်၌ နေ့တိုင်းအစဉ်စားရ၏။ ခြေနှစ်ဘက်ဆွံ့သောသူဖြစ်၏။
2 Samuel 14:20ပရိယာယ်ပြု၍ ဤသို့အယောင်ဆောင်စေခြင်းငှါ ကိုယ်တော်ကျွန်ယွာဘသည် စီရင်ပါ၏။ အရှင်သခင် သည်လည်း မြေကြီးပေါ်မှာ ရှိသမျှတို့ကို သိနိုင်သည် တိုင်အောင် ဘုရားသခင်၏ ကောင်းကင်တမန်သည် ပညာရှိသကဲ့သို့ ပညာရှိတော်မူသည်ဟု ပြန်လျှောက် လေ၏။
Psalms 15:3သူတပါး၏အသရေကို ပျက်စေခြင်းငှါ ပြောဆို ခြင်း၊ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ အကျိုးကိုပြစ်မှားခြင်း၊ ကိုယ်နှင့်စပ်ဆိုင်သော သူကိုလည်း ကဲ့ရဲ့ခြင်းကို ရှောင်ထ သော၊
Jeremiah 9:4လူတိုင်းမိမိအပေါင်းအဘော်ကို သတိပြုလော့။ မိမိ ညီအစ်ကိုကို မယုံကြနှင့်။ ညီအစ်ကိုတိုင်း မိမိ ညီအစ်ကိုအရာကို ဆက်ဆက်လုယူမည်။ အပေါင်း အဘော်ရှိသမျှတို့သည် သူ့အသရေကို ဖျက်မြဲဖျက်ကြ လိမ့်မည်။