1 ဓမ္မရာဇဝင်ပထမစောင် 2:23
အာသဟေလသည် နားမထောင်သောကြောင့်၊ အာဗနာသည် နောက်သို့လှံနှင့်ထိုးလျှင်၊ ဝမ်း၌လှံဖျား ဝင်၍ ကျောကိုထုတ်ချင်းဖောက်သဖြင့်၊ အာသဟေလသည် လဲ၍ ထိုအရပ်၌သေ၏။ အာသဟေလလဲ၍ သေသော ထိုအရပ်သို့ရောက်သော သူအပေါင်းတို့သည် ရပ်နေကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 2
Cross References
2 Samuel 3:27အာဗနာသည် ဟေဗြုန်မြို့သို့ရောက်သောအခါ၊ ယွာဘသည် သင့်အတင့်နှုတ်ဆက်ခြင်ငှါ၊ မြို့တံခါးနားသို့ ခေါ်ပြီးလျှင်၊ ညီအာသဟေလ သေသည်အတွက် သူ၏ ဝမ်းကိုထိုး၍ သူသည်လည်း သေ၏။
2 Samuel 5:6တဖန်ရှင်ဘုရင်သည် မိမိလူတို့ကိုခေါ်၍၊ ပြည်သားရင်းယေဗုသိလူတို့ရှိရာ ယေရုရှလင်မြို့သို့ ချီသွားလျှင်၊ ဒါဝိဒ်သည်ဤမြို့ထဲသို့မဝင်ရ။ မျက်စိကန်းသောသူနှင့် ခြေဆွံ့သောသူတို့ကလည်း၊ ဒါဝိဒ်သည်ဤ မြို့ထဲသို့ မဝင်ရဟု ဆိုကာမျှနှင့် သင့်ကို ဆီးတားလိမ့်မည်ဟု ဆိုကြ၏။
2 Samuel 20:12အာမသသည် လမ်းမအလယ်တွင် မိမိအသွေး ၌ လူးလျက်ရှိ၏။ လမ်း၌ သွားလာသောသူအပေါင်းတို့ သည် ရပ်၍ နေကြသည်ကို ယွာဘ၏ လူမြင်သောအခါ၊ အာမသကို လမ်းမကယူ၍ လယ်ပြင်သို့ ရွှေ့ပြီးလျှင် အဝတ်နှင့်ဖုံးလေ၏။