1 ဓမ္မရာဇဝင်ပထမစောင် 21:12
ဖိလိတ္တိလူတို့သည် ဂိလဗောတောင်၌ ရှောလုကို သတ်၍၊ အလောင်းတော်ကိုဆွဲထားရာ ဇက်ရှမ်လမ်းမှ ခိုးသွားသောဂိလဒ်ပြည်ယာဗက်မြို့သူမြို့သားတို့ရှိရာသို့ ရှင်ဘုရင်သွား၍၊ ရှောလုအရိုးနှင့် သားတော် ယောနသန်အရိုးတို့ကိုယူ၍၊
1835 Judson Burmese Bible
In The King James Version
In Context
11ရှောလု၏ကိုယ်လုပ်တော်အဲ အာသမီး ရိဇပပြု သော အမှုကို ဒါဝိဒ်သည် ကြားသောအခါ၊
13ထိုအရပ်မှဆောင်သွားသဖြင့်၊ ဆွဲထားသော သူတို့၏ အရိုးများကိုလည်း စုသိမ်းပြီးလျှင်၊
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 21
Cross References
1 Samuel 28:4ထိုအခါ ဖိလိတ္တိလူတို့သည် စုဝေး၍ ရှုနင်မြို့မှာ တပ်ချကြ၏။ ရှောလုသည်လည်း ဣသရလ အမျိုးသားအပေါင်းတို့ကို စုဝေးစေ၍ သူတို့သည် ဂိလဗောမြို့မှာ တပ်ချကြ၏။
1 Samuel 31:10လက်နက်တော်ကိုလည်း အာရှတရက်ကျောင်း၌ ထား၍ အလောင်းတော်ကို ဗက်ရှန်မြို့ရိုး၌ ဆွဲထားကြ၏။
2 Samuel 1:6ထိုလုလင်က၊ ကျွန်တော်သည် ဂိလဗောတောင်ပေါ်သို့ အလိုလိုရောက်သောအခါ၊ ရှောလုသည် လှံတော်ကို ထောင်၍နေပါ၏။ ရထားစီးသူရဲ မြင်းစီးသူရဲတို့သည် ပြင်းထန်စွာလိုက်ကြ၏။
2 Samuel 2:4တဖန်ယုဒလူတို့သည် လာ၍ဘိသိက်ပေးသဖြင့် ဒါဝိဒ်ကို ယုဒရှင်ဘုရင်အရာ၌ ချီးမြှောက်ကြ၏။
1 Chronicles 10:1ဖိလိတ္တိလူတို့သည် ဣသရေလလူတို့ကို စစ်တိုက် ၍၊ ဣသရေလလူတို့သည် ရန်သူရှေ့မှာ ပြေးသဖြင့်၊ ဂိလဗောတောင်ပေါ်မှာ အထိအခိုက်နှင့် လဲ၍သေကြ၏။
1 Chronicles 10:12သူရဲအပေါင်းတို့သည် ရှောလု၏ အလောင်းနှင့် သူ၏သားအလောင်းတို့ကို ယူသွား၍၊ ယာဗက်မြို့သို့ ဆောင်ခဲ့သဖြင့်၊ အရိုးတို့ကို ယာဗက်မြို့မှာသပိတ်ပင် အောက်၌ သင်္ဂြိုဟ်ပြီးမှ ခုနစ်ရက်ပတ်လုံးအစာ ရှောင်ကြ ၏။