The Bible Software
1 ဓမ္မရာဇဝင်ပထမစောင် · 1835 Judson Burmese Bible

1 ဓမ္မရာဇဝင်ပထမစောင် 4

1အာဗနာသည် ဟေဗြုန်မြို့၌ သေကြောင်းကို ရှောလူ၏သားသည် ကြားသော် အားလျော့၏။ ဣသ ရေလလူအပေါင်းတို့သည် ပူပန်သောစိတ်ရှိကြ၏။

2ရှောလု၏သား၌ ဗာနာနှင့် ရေခပ်အမည် ရှိသော သူတည်းဟူသော တပ်မှူးနှစ်ယောက်ရှိ၏။ သူတို့ သည် ဗင်္ယာမိန်အမျိုးဗေရာသိအနွယ် ရိမ္မုန်၏သား ဖြစ်ကြ ၏။ ဗေရုတ်မြို့သည် ဗင်္ယာမိန်ခရိုင်အဝင်ဖြစ်သော် လည်း၊

3ဗေရောသိလူတို့သည် ဂိတ္တိမ်မြို့သို့ပြေး၍ ယနေ့တိုင်အောင် တည်းခိုလျက် နေကြသတည်း။

4ရှောလု၏သား ယောနသန်၌ ခြေဆွံ့သော သားတယောက်ရှိရစ်၏။ သူသည် အသက်ငါးနှစ်ရှိသော အခါ၊ ယေဇရေလမြို့မှ ရှောလုနှင့်ယောန သန်တို့၏ သိတင်းကိုကြားလျှင်၊ အထိန်းသည် သူ့ကိုချီ၍ ပြေးစဉ် တွင်၊ အလျင်အမြန်ပြေးသောကြောင့်၊ သူငယ်သည် ကျ၍ ခြေဆွံ့၏။ ထိုသူငယ်၏အမည်ကား မေဖိဗောရှက်တည်း။

5ဗေရောသိအမျိုး ရိမ္မုန်၏သားရေခပ်နှင့် ဗာနာတို့ သည် ဣရှဗောရှက်အိမ်သို့သွား၍ မွန်းတည့်အချိန်၌ ရောက်၏။ ထိုအချိန်၌ ဣရှဗောရှက်သည် အိပ်တတ်၏။

6ထိုညီအစ်ကိုရေခပ်နှင့် ဗာနာတို့သည် စပါးကို ထုတ်ဟန်ဆောင်၍ အိမ်အလယ်သို့ ဝင်ပြီးလျှင်၊

7အိပ်ခန်းထဲ အိပ်ရာပေါ်မှာ အိပ်လျက်နေသော ဣရှဗောရှက်၏ဝမ်းကို ထိုး၍သတ်သဖြင့်၊ ဦးခေါင်းကို ဖြတ်ယူပြီးမှ တညဉ့်လုံးလွင်ပြင်လမ်းဖြင့်ပြေး၍ လွတ်ကြ ၏။

8ဣရှဗောရှက်၏ ဦးခေါင်းကို ဟေဗြုန်မြို့ဒါဝိဒ် ထံတော်သို့ ဆောင်ခဲ့၍၊ ကိုယ်တော်အသက်ကိုရှာသော ကိုယ်တော်ရန်သူရှောလု၏ သားဣရှဗောရှက်၏ ဦးခေါင်းကို ကြည့်ရှုတော်မူပါ။ ကျွန်တော်သခင် အရှင် မင်းကြီးခံရတော်မူသော အပြစ်ကိုထာဝရဘုရားသည် ရှောလု၌၎င်း၊ သူ၏အမျိုးအနွယ်၌၎င်း၊ ယနေ့ဆပ်ပေး တော်မူပြီဟု အထံတော်တွင် လျှောက်ဆိုသော်၊

9ဒါဝိဒ်က၊ ငါ့အသက်ကို ဘေးဥပဒ်အပေါင်းတို့မှ ရွေးတော်မူသော ထာဝရဘုရား အသက်ရှင်တော်မူ သည်အတိုင်း၊

10အရင်တခါလူတယောက်သည် လာ၍ ဝမ်းမြောက်စရာသိတင်းကိုပြောမည်အကြံရှိလျက်၊ ရှောလု သေပါပြီဟု ငါ့အားကြားပြောသောအခါ၊ ထိုသိတင်းကို ပြောသောကြောင့် ဆုကိုရမည်ဟု ထင်သောထိုသူကို၊ ဇိကလတ်မြို့၌ ငါကိုင်ဆွဲ၍သတ်၏။

11ထိုမျှမက လူဆိုးတို့သည် ဖြောင့်မတ်သောသူကိုသူ၏ အိမ်အတွင်း အိပ်ရာပေါ်မှာသတ်လျှင်၊ သာ၍ ပြုသင့်သည်မဟုတ်လော။ ယခုပင်သူ၏ အသွေးကို သင်တို့၌ ငါတောင်း၍ သင်တို့ကိုမြေကြီးပေါ်က ပယ်ရှားသင့်သည်မဟုတ်လောဟု ဗေရောသိအမျိုး၊ ရိမ္မုန်၏သားရေခပ်နှင့် ညီဗာနာအားဆိုပြီးလျှင်၊

12လုလင်တို့ကကိုမိန့်တော်မူ၍ ထိုသူနှစ်ယောက် ကိုက်သတ်ကြ၏။ လက်ခြေတို့ကိုဖြတ်၍ ဟေဗြုန် ရေကန်အနားမှာ ဆွဲထားကြ၏။ ဣရှဗောရှက်၏ ဦးခေါင်းကိုကားယူ၍ ဟေဗြုန်မြို့တွင် အားဗနာသင်္ချိုင်း၌ သင်္ဂြိုဟ်ကြ၏။

← 1 ဓမ္မရာဇဝင်ပထမစောင် 3Read In The App, Free →1 ဓမ္မရာဇဝင်ပထမစောင် 5 →

Study 1 ဓမ္မရာဇဝင်ပထမစောင် 4

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324