The Bible Software
bible.software › သက်သာလောနိတ်ဩဝါဒစာဒုတိယစောင် › သက်သာလောနိတ်ဩဝါဒစာဒုတိယစောင် 2 › သက်သာလောနိတ်ဩဝါဒစာဒုတိယစောင် 2:14

သက်သာလောနိတ်ဩဝါဒစာဒုတိယစောင် 2:14

ထိုသို့အလိုငှါ ငါတို့ဧဝံဂေလိတရားအားဖြင့် သင်တို့ကိုခေါ်တော်မူပြီ။ အကြောင်းမူကား၊ သင်တို့သည် ငါတို့သခင်ယေရှုခရစ်၏ ဘုန်းကို ပိုင်ရမည် အကြောင်းတည်း။

1835 Judson Burmese Bible

In The King James Version

Whereunto he called you by our gospel, to the obtaining of the glory of our Lord Jesus Christ.

In Context

13သို့သော်လည်း၊ သခင်ဘုရား ချစ်တော်မူသော ညီအစ်ကိုတို့၊ သင်တို့သည် စိတ်သန့်ရှင်းခြင်း၊ သမ္မာ တရားကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ရောက်စိမ့်သောငှါ၊ ဘုရားသခင်သည် ရှေ့ဦးစွာပင် သင်တို့ကို ရွေးကောက်တော်မူသည်ဖြစ်၍၊ ငါတို့သည် သင်တို့ကြောင့် ဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်မပြတ် ချီးမွမ်းရကြမည်။

15ထိုကြောင့်၊ ညီအစ်ကိုတို့၊ ငါတို့နှုတ်ထွက်စကား အားဖြင့်ဖြစ်စေ၊ စာအားဖြင့်ဖြစ်စေ၊ သင်တို့သည် သင်ခဲ့ပြီးသော နည်းဥပဒေသများကို တည်ကြည်လျက် ကိုင်ယူ စွဲလမ်းကြလော့။

Read all of သက်သာလောနိတ်ဩဝါဒစာဒုတိယစောင် 2

Cross References

Psalms 16:11အသက်ရှင်ခြင်း လမ်းကို ပြညွှန်တော်မူလိမ့် မည်။ အထံတော်၌ စုံလင်သော ဝမ်းမြောက်ခြင်းအခွင့် နှင့် လက်ျာတော်နားမှာ အစဉ်အမြဲ ပျော်မွေ့ခြင်းအခွင့် ရှိပါ၏။

John 14:2ငါ့အဘ၏အိမ်တော်၌ နေစရာအခန်းများရှိ၏။ သို့မဟုတ်လျှင် မဟုတ်ကြောင်းကိုသင်တို့အား ငါ မပြောဘဲမနေ။ သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။

John 17:24အိုအဘ၊ ကိုယ်တော်သည် ဤကမ္ဘာမတည်မရှိမှီ အကျွန်ုပ်ကိုချစ်၍ အကျွန်ုပ်အား ပေးတော်မူသော ဘုန်းတော်ကို အကျွန်ုပ်အား ပေးတော်ပေးတော်မူသောသူတို့သည် ရှုမြင်ရမည်အကြောင်း၊ အကျွန်ုပ်ရှိရာ အရပ်၌ အကျွန်ုပ်နှင့်အတူ ရှိနေစေခြင်းငှါ အကျွန်ုပ်အလိုရှိပါ၏။

Romans 8:17သားမှန်လျှင်အမွေခံ၊ ဘုရားသခင်၏ အမွေခံဖြစ်ကြ၏။ ခရစ်တော်နှင့်အတူ ဘုန်းဝင်စားမည် အကြောင်း၊ ထိုသခင်နှင့်အတူ ဆင်းရဲဒုက္ခကိုခံရလျှင်၊ ထိုသခင်နှင့်ဆက်ဆံသောအမွေခံလည်းဖြစ်ကြ၏။

Romans 16:25ရှေးကပ်ကာလပတ်လုံး ဝှက်ထားပြီးလျှင် ယခုမှာ ထင်ရှားသည်ဖြစ်၍၊

1 Thessalonians 1:5ငါတို့သည် သင်တို့နှင့်အတူနေသောအခါ သင်တို့အတွက် အဘယ်သို့သော သူဖြစ်သည်ကို သင်တို့ သိကြသည်နှင့်အညီ၊ ငါတို့ဟောပြောသော ဧဝံဂေလိတရားသည်၊ သင်တို့၌ စကားသက်သက်ဖြစ်သည် မဟုတ်။ တန်ခိုးနှင့်၎င်း၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်၎င်း၊ ဝိစိကိစ္ဆာမရှိဘဲ အမှန်သိခြင်းနှင့်၎င်း ပြည့်စုံသော တရားဖြစ်၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study သက်သာလောနိတ်ဩဝါဒစာဒုတိယစောင် 2:14

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)Robertson's Word Pictures
← သက်သာလောနိတ်ဩဝါဒစာဒုတိယစောင် 2:13သက်သာလောနိတ်ဩဝါဒစာဒုတိယစောင် 2သက်သာလောနိတ်ဩဝါဒစာဒုတိယစောင် 2:15 →