ရှင်ယောဟန်ဩဝါဒစာတတိယစောင် 1:2
အချင်းချစ်သူ၊ သင်၏စိတ်နှလုံးသည် ကောင်းစားသကဲ့သို့၊ သင်သည်အရာရာ၌ကောင်းစားခြင်းနှင့် ကျန်းမာခြင်းရှိမည်အကြောင်း ငါဆုတောင်း၏။
1835 Judson Burmese Bible
In The King James Version
In Context
1အသက်ကြီးသူသည်ချစ်အပ်သောဂါယုကိုကြားလိုက်၏။ ငါသည်သင်၌မှန်ကန်သောချစ်ခြင်း မေတ္တာရှိ၏။
Read all of ရှင်ယောဟန်ဩဝါဒစာတတိယစောင် 1
Cross References
Philippians 2:4ကိုယ်အမှုအရာကိုသာ မရှုမမှတ်ဘဲ၊ သူ့အမှုအရာကို အချင်းချင်းရှုမှတ်ကြလော့။
Colossians 1:4သမ္မာတရားတည်းဟူသော ဧဝံဂေလိတရားကို သင်တို့သည်အထက်က ကြားသိကြသည် အတိုင်း၊ သင်တို့ အဘို့ကောင်းကင်ဘုံ၌ သိုထားသော မြော်လင့်ရာကို ထောက်သဖြင့်၎င်း၊ သင်တို့အဘို့ အစဉ်မပြတ် ဆုတောင်း၍၊
1 Thessalonians 2:13ငါတို့ဟောပြောသော ဘုရားသခင်၏ နှုတ်ကပတ်တရားကို သင်တို့သည် ခံယူကြသောအခါ၊ လူ၏ နှုတ်ထွက်စကားကို မခံမယူဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်အမှန်ဖြစ်သည်နှင့်အညီ၊ ယုံကြည်ခြင်း သို့ရောက်သော သင်တို့အထဲ၌ ပြုပြင်သော ဘုရားသခင်၏ နှုတ်ကပတ်တရားကို ခံယူကြသည် အကြောင်းအရာကို ငါတို့သည် အစဉ်မပြတ်ချီးမွမ်းကြ၏။
1 Thessalonians 3:6ယခုမူကား၊ တိမောသေသည် သင်တို့ထံက ပြန်လာ၍၊ သင်တို့၏ ယုံကြည်ခြင်းနှင့် ချစ်ခြင်းတည် သည်ဟူ၍၎င်း၊ ငါတို့သည် သင်တို့ကို လွမ်းသကဲ့သို့ သင်တို့သည် ငါတို့ကို လွမ်း၍၊ အစဉ်မပြတ် ကောင်းမွန် စွာ အောက်မေ့ကြသည်ဟူ၍၎င်း၊ ဝမ်းမြောက်စရာ သိတင်းကို ကြားပြောသည်ရှိသော်၊
2 Thessalonians 2:13သို့သော်လည်း၊ သခင်ဘုရား ချစ်တော်မူသော ညီအစ်ကိုတို့၊ သင်တို့သည် စိတ်သန့်ရှင်းခြင်း၊ သမ္မာ တရားကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ရောက်စိမ့်သောငှါ၊ ဘုရားသခင်သည် ရှေ့ဦးစွာပင် သင်တို့ကို ရွေးကောက်တော်မူသည်ဖြစ်၍၊ ငါတို့သည် သင်တို့ကြောင့် ဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်မပြတ် ချီးမွမ်းရကြမည်။
James 5:12ငါ့ညီအစ်ကိုတို့၊ ခပ်သိမ်းသောအမှုအရာတို့တွင် ကျိန်ဆိုခြင်းကိုသာ၍ ရှောင်ကြလော့။ ကောင်းကင်ဘုံကို တိုင်တည်၍ မကျိန်ကြနှင့်။ မြေကြီးကိုတိုင်တည်၍ မကျိန်ကြနှင့်။ ထိုမှတပါး၊ အဘယ်အကျိန်အားဖြင့်မျှ မကျိန်ကြနှင့်။ အပြစ်စီရင်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ သင်တို့စကားမှာ၊ ဟုတ်သည်ကို အဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေကြလော့။