ရှင်ယောဟန်ဩဝါဒစာတတိယစောင် 1:3
သင်သည်သမ္မာတရား၌ ကျင်လည်သည်အတိုင်း သင်၌ရှိသောသမ္မာတရား၏အကြောင်းကို ညီအစ်ကို တို့သည်လာ၍ သက်သေခံကြသောအခါ၊ ငါသည် အလွန်ဝမ်းမြောက်ခြင်းရှိ၏။
1835 Judson Burmese Bible
In The King James Version
In Context
4ငါ၏သားသမီးတို့သည် သမ္မာတရား၌ ကျင်လည်သည်ကို ငါကြား၍ ဝမ်းမြောက်ခြင်းထက် သာ၍ ဝမ်းမြောက်ခြင်းမရှိ။
Read all of ရှင်ယောဟန်ဩဝါဒစာတတိယစောင် 1
Cross References
Psalms 119:11ကိုယ်တော်ကို မပြစ်မှားဘဲ နေနိုင်မည် အကြောင်း၊ ဗျာဒိတ်တော်ကို နှလုံးထဲမှာ သိုထားပါပြီ။
2 Corinthians 7:6သို့သော်လည်း နှိမ့်ကျလျက်ရှိသော သူတို့ကို သက်သာစေတော်မူတတ်သော ဘုရားသခင်သည်၊ တိတု ရောက်လာသောအားဖြင့် ငါတို့ကို သက်သာစေတော်မူ၏။
Philippians 1:4ဝမ်းမြောက်သောစိတ်နှင့် သင်တို့ရှိသမျှအဘို့ကို အစဉ်ဆုတောင်းပဌနာပြုလျက်၊ သင်တို့ကို အောက်မေ့သောအခါခါ၊
1 Thessalonians 2:19ငါတို့မြော်လင့်ခြင်းအကြောင်း၊ ဝမ်းမြောက်ခြင်းအကြောင်း၊ ဝါကြွားခြင်း၏ ဦးရစ်သရဖူကား၊ အဘယ်သို့သောအကြောင်းအရာနည်း။ ငါတို့သခင်ယေရှုခရစ် ကြွလာတော်မူသောအခါ၊ ရှေ့တော်၌ သင်တို့သည် ထိုသို့သော အကြောင်းအရာ ဖြစ်ကြသည် မဟုတ်လော။
2 John 1:2ငါမှစ၍ သမ္မာတရားကို သိသောသူအပေါင်း တို့သည်၊ သခင်မနှင့် သားသမီးတို့၌ မှန်ကန်သောချစ်ခြင်းမေတ္တာရှိပါ၏။
3 John 1:4ငါ၏သားသမီးတို့သည် သမ္မာတရား၌ ကျင်လည်သည်ကို ငါကြား၍ ဝမ်းမြောက်ခြင်းထက် သာ၍ ဝမ်းမြောက်ခြင်းမရှိ။