ရှင်ယောဟန်ဩဝါဒစာတတိယစောင် 1:7
အကြောင်းမူကား၊ ထိုသူတို့သည် နာမတော်ကိုထောက်၍၊ သာသနာပလူတို့တွင် အလှူမခံဘဲသွားကြ၏။
1835 Judson Burmese Bible
In The King James Version
Because that for his name’s sake they went forth, taking nothing of the Gentiles.
In Context
8ငါတို့သည် သမ္မာတရားကို ကူမသောသူ ဖြစ်အံ့သောငှါ၊ ထိုသို့သောသူတို့အား ဧည့်သည်ဝတ်ကို ပြုအပ်ကြ၏။
Read all of ရှင်ယောဟန်ဩဝါဒစာတတိယစောင် 1
Cross References
2 Kings 5:15သို့ပြီးမှ လိုက်သော သူအပေါင်းတို့နှင့်တကွ ဘုရားသခင်၏ လူထံသို့ပြန်လာ၍ သူ့ရှေ့၌ရပ်လျက်၊ ဣသရေလပြည်မှတပါး အဘယ်ပြည်၌မျှ ဘုရားသခင် မရှိသည်ကို ယခုအကျွန်ုပ်သိပါ၏။ သို့ဖြစ်၍ ကိုယ်တော် ၏ကျွန်လှူသော အလှူလက်ဆောင်ကို ခံယူတော်မူပါဟု တောင်းလျှောက်လေ၏။
Acts 5:41တမန်တော်တို့သည်လည်း၊ သခင်ယေရှု၏ နာမတော်ကြောင့် မိမိတို့သည် အရှက်ကွဲခြင်းကို ခံထိုက် ကြသည်ဟု မှတ်တော်မူသော ကြောင့်ဝမ်းမြောက်သော စိတ်ရှိ၍ လွှတ်တော်မှထွက်သွားကြ၏။
Acts 9:16အကြောင်းမူကား၊ ထိုသူသည်ငါ၏နာမကြောင့် အဘယ်မျှ လောက်ပင် ဆင်းရဲခံရမည်ကို ငါသည် သူ့အားပြမည်။ ထိုကြောင့် သင်သွားလော့ဟု အာနနိအား မိန့်တော်မူ၏။
1 Corinthians 9:18သို့ဖြစ်၍ ငါ၏အကျိုးအဘယ်သို့နည်းဟူမူကား၊ ဧဝံဂေလိတရားကို ဟောသောအခါ၊ ဟောခြင်းနှင့် စပ်ဆိုင်သော အခွင့်ကို မသုံးဘဲလျက်၊ ခရစ်တော်၏ ဧဝံဂေလိတရားကို နာသောသူတို့သည် အဘယ် စရိတ်ကိုမျှ မကုန်ဘဲနေစေခြင်းငှါ ပြုလျှင်ငါ၌အကျိုးရှိ၏။
2 Corinthians 11:7သင်တို့ကိုချီးမြှောက်ခြင်းငှါ၊ ကိုယ်ကိုကိုယ်နှိမ့်ချလျက်၊ ကျေးဇူးဆပ်ခြင်းကိုမခံဘဲ၊ သင်တို့အား ဘုရား သခင်၏ဧဝံဂေလိတရားကို ဟောပြောသည့်အရာမှာ ငါသည် အပြစ်ရှိသလော။
Colossians 1:24ငါပေါလုသည် ထိုတရားကို ဟောသောဆရာဖြစ်သည်နှင့် သင်တို့အဘို့အလိုငှါ ဆင်းရဲခံခြင်း၌ ယခု ဝမ်းမြောက်၍၊ ခရစ်တော်၏ ဆင်းရဲဒုက္ခအကြွင်းအကျန်ကို အသင်းတော်တည်းဟူသော ကိုယ်တော်အဘို့ အလိုငှါ ငါ့ကိုယ်ခန္ဓာ၌ ပြည့်စုံစေ၏။