ရှင်ယောဟန်ဩဝါဒစာတတိယစောင် 1:9
အသင်းတော်ထံသို့မှာစာကို ငါရေး၍ ပေးလိုက်လေပြီ။ သို့သော်လည်း၊ အကဲအမှူးလုပ်ချင်သော ဒယောတရပ်သည် ငါတို့အားအခွင့်မပေး။
1835 Judson Burmese Bible
In The King James Version
In Context
8ငါတို့သည် သမ္မာတရားကို ကူမသောသူ ဖြစ်အံ့သောငှါ၊ ထိုသို့သောသူတို့အား ဧည့်သည်ဝတ်ကို ပြုအပ်ကြ၏။
Read all of ရှင်ယောဟန်ဩဝါဒစာတတိယစောင် 1
Cross References
Matthew 20:20ထိုအခါ ဇေဗေဒဲ၏သားတို့အမိသည် သားတို့နှင့်အတူ အထံတော်သို့ချဉ်း၍ ပြပ်ဝပ်လျက်ဆုကျေးဇူး ကို တောင်းပန်လေ၏။ ကိုယ်တော်က သင်သည် အဘယ်ဆုကျေးဇူးကို အလိုရှိသနည်းဟု မေးတော်မူပါသော်၊
Mark 9:34သူတို့သည် တိတ်ဆိတ်စွာနေကြ၏။ အကြောင်းမူကား၊ အဘယ်သူသည်သာ၍ ကြီးမြတ်အံ့နည်းဟု လမ်း၌ အချင်းချင်းငြင်းခုံကြ၏။
Mark 10:35ထိုအခါ ဇေဗေဒ၏သား ယာကုပ်နှင့် ယောဟန်သည် အထံတော်သို့ ချဉ်းကပ်၍၊ အရှင်ဘုရား၊ အကျွန်ုပ်တို့တောင်းသော ဆုကျေးဇူးကို ပြုတော်မူစေချင်ပါသည်ဟု လျှောက်လေ၏။
Luke 22:24ထိုမှတပါး တပည့်တော်တို့သည် မိမိတို့တွင် အဘယ်သူသည် သာ၍ ကြီးမြတ်သနည်းဟု အချင်းချင်း ငြင်းခုံခြင်းရှိသည်ဖြစ်၍၊
Philippians 2:3ရန်တွေ့လိုသောစိတ်၊ အချည်းနှီး ကျော်စောကိတ္တိကို တပ်မက်သောစိတ်ရှိ၍ အဘယ်အမှုကို မပြုကြ နှင့်။ သူတပါးသည် ကိုယ်ထက်သာ၍ ကောင်းမြတ်သည်ဟု နှိမ့်ချသော စိတ်ရှိ၍ တယောက်ကိုတယောက် ထင်မှတ်ကြလော့။
3 John 1:8ငါတို့သည် သမ္မာတရားကို ကူမသောသူ ဖြစ်အံ့သောငှါ၊ ထိုသို့သောသူတို့အား ဧည့်သည်ဝတ်ကို ပြုအပ်ကြ၏။