တမန်တော်ဝတ္ထု 1:13
ရောက်ကြလျှင်၊ ပေတရု၊ ယာကုပ်၊ ယောဟန်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲ၏သားယာကုပ်၊ ရှိမုန်ဇေလုတ်၊ ယာကုပ်ညီ ယုဒတို့သည် တည်းနေရာအိမ်အထက်ခန်းသို့တက်ကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Matthew 4:18ဂါလိလဲအိုင်နားမှာ ကြွတော်မူစဉ်၊ ပေတရုဟူ၍ခေါ်ဝေါ်သော ရှိမုန်နှင့်အန္ဒြေ၊ ညီအစ်ကို နှစ်ယောက်တို့သည် တံငါဖြစ်၍၊ အိုင်တွင် ပိုက်ကွန်ဖြန့်ချသည်ကို မြင်တော်မူလျှင်၊
Matthew 10:2တကျိပ်နှစ်ပါးသော တပည့်တော်တို့၏ အမည်ကား၊ ပဌမမှာ၊ ပေတရုဟူ၍ ခေါ်ဝေါ်သော ရှိမုန်နှင့် သူ့ညီအန္ဒြေ၊
Mark 3:16ပေတရုအမည်သစ်ကို ပေးတော်မူသောရှိမုန်၊
Mark 9:2ခြောက်ရက်လွန်သောအခါ ယေရှုသည် ပေတရု၊ ယာကုပ်၊ ယောဟန်တို့ကိုခေါ်၍၊ အခြားသူ မပါဘဲ မြင့်လှစွာသော တောင်ပေါ်တွင် ဆိတ်ကွယ်ရာအရပ်သို့ ဆောင်ကြွတော်မူ၏။ သူတို့ရှေ့၌ ထူးခြားသော အဆင်းအရောင်နှင့် ပြည့်စုံသည်ဖြစ်၍၊
Mark 14:33ပေတရု၊ ယာကုပ်၊ ယောဟန်တို့ကိုခေါ်သွား၍ မိန်းမောတွေဝေခြင်း၊ စိတ်ပူပန်ခြင်းသို့ ရောက်တော် မူ၏။
Luke 6:13မိုဃ်းလင်းသောအခါ တပည့်တော်တို့ကို ခေါ်တော်မူ၍၊