တမန်တော်ဝတ္ထု 10:14
ပေတရုကလည်း၊ မဖြစ်နိုင်ပါသခင်။ ညစ်ညူး သောအရာနှင့် မစင်ကြယ်သောအရာကို အကျွန်ုပ်သည် တရံတခါမျှ မစားဘူးပါဟု ပြောဆို၏။
1835 Judson Burmese Bible
In The King James Version
But Peter said, Not so, Lord; for I have never eaten any thing that is common or unclean.
In Context
13စကားအသံသည်လည်း၊ ပေတရုထ၍ သတ်စား လော့ဟု လာ၏။
15နောက်တဖန် စကားသံကား၊ ဘုရားသခင် စင်ကြယ်စေတော် မူသောအရာကို ညစ်ညူးသည်မထင် နှင့်ဟု လာပြန်၏။
Cross References
Exodus 10:11ထိုသို့ မဖြစ်ရာ။ အရင်တောင်းလျှောက်သည်အတိုင်း၊ ယောက်ျားဖြစ်သောသူတို့သာသွား၍ ထာဝရဘုရားအား ဝတ်ပြုကြသည်ဟု မိန့်တော်မူသဖြင့်၊ သူတို့ကို အထံတော်မှ နှင်ကြလေ၏။
Leviticus 20:25ထိုအကြောင်းကြောင့်၊ စင်ကြယ်သောသား၊ မစင်ကြယ်သောသား၊ စင်ကြယ်သောငှက်၊ မစင်ကြယ် သောငှက်တို့ကို ပိုင်းခြားရမည်။ ငါခွဲထားသည်အတိုင်း၊ မစင်ကြယ်သောသား၊ ငှက်၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်တစုံတခုအားဖြင့် ကိုယ်ကိုကိုယ် ရွံရှာဘွယ် မဖြစ်စေရ။
Deuteronomy 14:4စားရသော တိရစ္ဆာန်ဟူမူကား၊ နွား၊ သိုး၊ ဆိတ်၊
Ezekiel 44:31ငှက်ဖြစ်စေ၊ သားဖြစ်စေ၊ အလိုလိုသေသော အကောင်၊ သားရဲကိုက်၍ သေသောအကောင်ကို ယဇ်ပုရောဟိတ်မစားရ။
Matthew 16:22ထိုအခါ ပေတရုသည် ကိုယ်တော်ကို မိမိနှင့်အတူခေါ်၍၊ သခင်၊ ကိုယ်တော်၌ ဤသို့မဖြစ်ပါစေနှင့်။ ဤအမှုသည် ကိုယ်တော်၌ မရောက်ရာဟု အပြစ်တင်သောစကားကို လျှောက်သော်၊
Luke 1:60ယောဟန်အမည်ဖြင့် မှည့်ရမည်ဟုဆိုလျှင်၊ သူတို့က၊