တမန်တော်ဝတ္ထု 10:37
ယောဟန်သည် ဗတ္တိဇံတရားကို ဟောသည် နောက် ဂါလိလဲ ပြည်မှစ၍ ယုဒပြည်အရပ်ရပ်တို့၌ နှံ့ပြားသော အကြောင်းအရာကို သင်တို့သည် သိကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Matthew 4:12ယောဟန်သည် ထောင်ထဲသို့ရောက်ကြောင်းကို ယေရှုသည်ကြားလျှင်၊ ဂါလိလဲပြည်သို့ ကြွတော်မူ၍၊
Mark 1:14ယောဟန်သည် ထောင်ထဲသို့ရောက်သည်နောက်၊ ယေရှုသည် ဂါလိလဲပြည်သို့ ကြွတော်မူလျှင်၊
Luke 23:5ထိုသူတို့သည် သာ၍ ပြင်းစွာသောအသံနှင့် ဟစ်ကြော်လျက်၊ ဤသူသည် ဂါလိလဲပြည်မှစ၍ ဤ အရပ်တိုင်အောင် ယုဒပြည်၌ အနှံ့အပြားဆုံးမဩဝါဒပေး၍ လူများကိုနှိုးဆော်သောသူဖြစ်ပါသည်ဟု လျှောက် ဆို ကြ၏။
Acts 1:22သခင်ယေရှုသည် ငါတို့နှင့်ခွါ၍အထက်သို့ဆောင်ယူခြင်းကို ခံတော်မူသည့်နေ့ရက်တိုင်အောင်၊ တပည့် တော်တို့နှင့်အတူ ထွက်ဝင်သွားလာတော်မူသောကာလပတ်လုံး ငါတို့နှင့်ပေါင်းဘော်၍နေသောသူတစုံတ ယောက်သည်၊ ထိုသခင်ထမြောက်တော်မူသည် အကြောင်းကိုဟောပြော၍ ငါတို့နှင့်အတူသက်သေခံဖြစ် ရမည် ဟု ပေတရုပြောဆို၏။
Acts 13:24ထိုသခင်ကြွလာတော်မမူမှီ ယောဟန်သည် ဣသရေလလူ အပေါင်းတို့အား နောင်တနှင့် စပ်ဆိုင် သော ဗတ္တိဇံတရားကို ဟောပြောနှင့်လေ၏။
Acts 28:22သို့သော်လည်း ဤဘာသာသည် အရပ်ရပ်တို့၌ ကဲ့ရဲ့အပြစ်တင်ခြင်းကို ခံရသော ဘာသာဖြစ်သည်ကို အကျွန်ုပ်တို့သိကြသည်ဖြစ်၍ သင်၏အယူဝါဒကို သင်သည် ကိုယ်တိုင်တော်ပြသောစကားကို အကျွန်ုပ် တို့သည် နားထောင်သင့်သည်ထင်ပါ၏ဟု ဆိုကြလျှင်၊