တမန်တော်ဝတ္ထု 11:20
နောက်မှထိုသူအချို့တို့သည် ကုပရုပြည်သား၊ ကုရေနေပြည်သားဖြစ်၍ အန္တိအုတ်သို့သွားပြီးလျှင်၊ သခင်ယေရှု၏ အကြောင်းတည်းဟူသော ဧဝံဂေလိတရားကို ဟေလေနစ်လူတို့အား ဟောပြောကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Matthew 27:32သွားကြစဉ်တွင် ရှိမုန်အမည်ရှိသော ကုရေနေ ပြည်သားတယောက်ကိုတွေ့လျှင်၊ အနိုင်ပြု၍ လက်ဝါး ကပ်တိုင်တော်ကို ထမ်းစေကြ၏။
Acts 2:10ဖြူဂိပြည်၊ ပမ်ဖုလိပြည်၊ အဲဂုတ္တုပြည်၌နေသောသူ၊ ကုရေနမြို့နှင့်စပ်သော လိဗုကျေးလက်၌ နေသော သူ၊ ရောမမြို့မှလာသောဧည့်သည်များ၊ ယုဒလူဖြစ်စေ၊ ဘာသာဝင်ဖြစ်စေ၊
Acts 5:42ဗိမာန်တော်၌၎င်း၊ အိမ်၌၎င်း နေ့တိုင်းအစဉ် ဆုံးမသွန်သင် လျက်၊ ယေရှုသည်ခရစ်တော်ဖြစ်၏ဟူ၍ ဧဝံဂေလိတရားကို မပြတ်ဟော ပြောလျက်နေကြ၏။
Acts 8:5ဖိလိပ္ပုသည်လည်း၊ ရှာမာရိမြို့သို့သွား၍ ခရစ်တော်၏ အကြောင်းကိုဟောလေ၏။
Acts 9:20ယေရှုသည် ဘုရားသခင်၏ သားတော်ဖြစ် ကြောင်းကို တရားစရပ်တို့၌ မဆိုင်းမလင့် ဟောလေ၏။
Acts 13:1အန္တိအုတ်မြို့တွင်ရှိသော အသင်းတော်၌ ဗာနဗမှစ၍ နိဂါဟု ခေါ်ဝေါ်သော ရှုမောင်၊ ကုရေနေ ပြည်သားလုကိ၊ စော်ဘွားဟေရုဒ်၏ သူငယ်ချင်း အရင်း ဖြစ်သော မာနင်နှင့်ရှောလုတည်းဟူသော ပရောဖက် ပြုသူ၊ ဆရာပြုသူရှိကြ၏။