တမန်တော်ဝတ္ထု 11:22
ထိုအကြောင်းအရာကို ယေရုရှလင်မြို့၌ရှိသော အသင်းတော် သည်ကြားလျှင်၊ အန္တိအုတ်မြို့တိုင် အောင် သွားစေမည်အကြောင်း ဗာနဗ ကိုစေလွှတ်လေ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Acts 4:36ယောသေအမည်ရှိ၍ သက်သာစေခြင်း၏ သားဟုဆိုလိုသော ဗာနဗအမည်သစ်ကို တမန်တော်တို့ သမုတ်ခြင်းအားဖြင့်ရသော ကုပရုပြည်သား လေဝိ လူတယောက်သည်၊
Acts 9:27ထိုအခါဗာနဗသည် သူ့ကိုခေါ်၍ တမန်တော် များထံသို့ ပို့ဆောင်ပြီးလျှင်၊ အထက်ကရှောလုသည် လမ်းခရီး၌ သခင်ဘုရားကို မြင်သည်ဟူ၍၎င်း၊ သူ့အားမိန့်တော်မူသည်ဟ၍၎င်း၊ ဒမာသက်မြို့၌ ယေရှု၏နာမတော်ကိုအမှီပြုလျက်၊ ရဲရင့်စွာဟောသည်ဟူ၍၎င်းပြောလေ၏။
Acts 13:1အန္တိအုတ်မြို့တွင်ရှိသော အသင်းတော်၌ ဗာနဗမှစ၍ နိဂါဟု ခေါ်ဝေါ်သော ရှုမောင်၊ ကုရေနေ ပြည်သားလုကိ၊ စော်ဘွားဟေရုဒ်၏ သူငယ်ချင်း အရင်း ဖြစ်သော မာနင်နှင့်ရှောလုတည်းဟူသော ပရောဖက် ပြုသူ၊ ဆရာပြုသူရှိကြ၏။
Acts 15:22ထိုအခါတမန်တော်တို့နှင့် သင်းအုပ်တို့မှစ၍ သင်းဝင်သူ အပေါင်းတို့သည်၊ မိမိတို့အထဲ၌ ရွေးကောက် ၍ ညီအစ်ကိုတို့တွင် ထင်ရှားသောသူတည်းဟူသော ဗာရှဗအမည်သစ်ကို ရသောယုဒနှင့် သိလတို့ကို၊ အန္တိအုတ်မြို့သို့ ပေါလု၊ ဗာနဗတို့နှင့်တကွ စေလွှတ်မည် အကြောင်းသဘောညီညွတ်ကြ၏။
1 Thessalonians 3:6ယခုမူကား၊ တိမောသေသည် သင်တို့ထံက ပြန်လာ၍၊ သင်တို့၏ ယုံကြည်ခြင်းနှင့် ချစ်ခြင်းတည် သည်ဟူ၍၎င်း၊ ငါတို့သည် သင်တို့ကို လွမ်းသကဲ့သို့ သင်တို့သည် ငါတို့ကို လွမ်း၍၊ အစဉ်မပြတ် ကောင်းမွန် စွာ အောက်မေ့ကြသည်ဟူ၍၎င်း၊ ဝမ်းမြောက်စရာ သိတင်းကို ကြားပြောသည်ရှိသော်၊