တမန်တော်ဝတ္ထု 12:11
ပေတရုသည် သတိရလျှင်၊ ယခုပင် သခင်ဘုရားသည် မိမိကောင်းကင်တမန်ကို စေလွှတ်၍ ဟေရုဒ်မင်း လက်မှ၎င်း၊ ယုဒလူတို့၏ မြော်လင့်ခြင်းမှ ၎င်း၊ ငါ့ကိုကယ်နှုတ်တော်မူသည် ငါအမှန်သိ၏ဟု အောက်မေ့စဉ်၊
1835 Judson Burmese Bible
In The King James Version
In Context
12လူများစုဝေး၍ ဆုတောင်းရာ၊ မာကုအမည် သစ်ကိုရသော ယောဟန်၏အမိဖြစ်သော မာရိ၏ အိမ်သို့ရောက်၍၊
Cross References
Genesis 15:13ထာဝရဘုရားကလည်း၊ သင်၏ အမျိုးအနွယ်သည်၊ သူတပါးပိုင်သောပြည်၌ ဧည့်သည်ဖြစ်ကြသဖြင့်၊ သူတပါးတို့၌ ကျွန်ခံခြင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းကို အနှစ်လေးရာပတ်လုံးခံရကြလိမ့်မည်ကို အမှန်သိမှတ်လော့။
Genesis 26:9ဣဇာက်ကိုခေါ်၍၊ ထိုမိန်းမသည်၊ အကယ်စင် စစ် သင်၏မယားဖြစ်၏။ သို့ရာတွင်၊ သူသည် ငါ့နှမဖြစ်၏ဟု အဘယ်ကြောင့် သင်ပြောရ သနည်းဟုမေးသော်၊ ဣဇာက်က၊ သူ့အတွက်ကြောင့် ကျွန်ုပ်သေမည်ကို စိုးရိမ်ပါသည်ဟု လျှောက်ဆို၏။
2 Chronicles 16:9ထာဝရဘုရားသည် စုံလင်သော စေတနာစိတ် ရှိသောသူတို့ဘက်၌၊ ခိုင်ခံ့စွာ နေခြင်းငှါ၊ မြေကြီးတပြင် လုံးကို အနှံ့အပြားကြည့်ရှုလျက် ရှိတော်မူ၏။ ဤအမှု၌ မင်းကြီးသည် မိုက်စွာပြုပြီ။ ယခုမှစ၍ စစ်မှုရှိလိမ့်မည်ဟု ဆို၏။
Job 31:31ငါ့အိမ်သူအိမ်သားတို့က၊ အဘယ်သူသည် ငါတို့သခင်၏ အမဲသားကိုတောင့်တ၍ မဝဘဲနေရ သနည်းဟု မဆိုတတ်သလော။
Psalms 34:7ထာဝရဘုရားကို ကြောက်ရွံ့သော သူတို့ ပတ်လည်၌ ကောင်းကင်တမန်တော်တို့သည် တပ်ချ၍ ကယ် လွှတ်တတ်ကြ၏။
Psalms 41:2ထာဝရဘုရားသည် စောင့်မ၍ အသက်ချမ်း သာပေးတော်မူသဖြင့်၊ ထိုသူသည် ပြည်တော်၌ ကောင်းကြီးမင်္ဂလာကို ခံရလိမ့်မည်။ ထိုသူကို ရန်သူတို့ အလိုသို့ ကိုယ်တော်သည် အပ်တော်မမူပါ။