တမန်တော်ဝတ္ထု 12:17
ပေတရုသည်လည်း ထိုသူတို့ကိုတိတ်ဆိတ်စွာ နေစေခြင်းငှါ မိမိလက်နှင့်အမှတ်ပေး၍ မိမိကို ထောင်ထဲကသခင်ဘုရားနှုတ်တော်မူ သော အကြောင်းအရာကို ဘော်ပြပြီးမှ၊ သင်တို့သွား၍ ယာကုပ်နှင့် ညီ အစ်ကိုတို့အား ဤအကြောင်းများကို ပြန်ကြားကြလော့ဟု ဆိုပြီးလျှင်၊ ထွက်၍အခြားတပါးသို့သွားလေ၏။
1835 Judson Burmese Bible
In The King James Version
In Context
16ပေတရုသည် ခေါက်၍နေသော်၊ တံခါးကို ဖွင့်ကြ၍ သူ့ကိုမြင် သဖြင့် အလွန်တရာအံ့ဩကြ၏။
18မိုဃ်းလင်းသောအခါ စစ်သူရဲတို့သည် ပေတရု၌ အဘယ်သို့ ဖြစ်သနည်းဟု ရုန်းရင်းခတ်မျှ ဖြစ်ကြ၏။
Cross References
Psalms 66:16ဘုရားသခင်ကို ကြောက်ရွံ့သော သူအပေါင်းတို့၊ လာ၍ နားထောင်ကြလော့။ ငါ့ဝိညာဉ်အဘို့ အဘယ်သို့ ကျေးဇူးပြုတော်မူသည်ကို ငါကြားပြောမည်။
Psalms 107:21လူသားတို့၌ ပြုတော်မူသော ကရုဏာနှင့် အံ့ဘွယ်သောအမှုတော်တို့ကို ထောက်၍၊ ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြစေ။
Psalms 146:7ညှဉ်းဆဲခြင်းကိုခံရသော သူတို့အား တရားပြု တော်မူ၏။ ငတ်မွတ်သော သူတို့ကိုကျွေးမွေးတော်မူ၏။ ထာဝရဘုရားသည် ချုပ်ထားခြင်းကို ခံရသောသူတို့ကို လွှတ်တော်မူ၏။
Luke 1:22သူသည်ထွက်လာသောအခါ စကားမပြောနိုင်သည်ဖြစ်၍၊ ဗိမာန်တော်၌ ဗျာဒိတ်ရှုပါရုံကို မြင်ပြီဟု ရိပ်မိကြ၏။ ဇာခရိသည်သူတို့အား အရိပ်အမှတ်ကိုသာပေး၍ စကားအလျက်နေ၏။
John 8:59ထိုအခါ ကိုယ်တော်ကို ခဲနှင့်ပစ်ခြင်းငှါ ကျောက်ခဲတို့ကို ကောက်ယူကြ၏။ ယေရှုသည် တိမ်းရှောင်၍ ထိုသူတို့အလယ်၌ရှောက်သွားပြီးလျှင် ဗိမာန်တော်မှ ထွက်ကြွတော်မူ၏။
John 11:54ထိုကြောင့်၊ ယေရှုသည် နောက်တဖန်ယုဒလူတို့တွင် ထင်ရှားစွာ မလှည့်လည်ဘဲ၊ ထိုအရပ်မှထွက်၍ တောနှင့်အနီး ဧဖရိမ်အမည်ရှိသောမြို့သို့ကြွ၍ တပည့်တော်တို့နှင့်အတူ နေတော်မူ၏။