တမန်တော်ဝတ္ထု 12:6
ပေတရုသည် ဟေရုဒ်မင်းထုတ်ခါနီး၊ ညဉ့်အချိန် တွင် သံကြိုး နှစ်စင်းနှင့် ချည်နှောင်ခြင်းကိုခံရလျက်၊ စစ်သူရဲနှစ်ယောက်တို့အလယ်၌ အိပ်ပျော်၍၊ အစောင့် များ တို့သည် ထောင်တံခါးရှေ့မှာ စောင့်နေကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
5ပေတရုသည်ထောင်၌ အကျင်းနေရစဉ်၊ သင်း ဝင်သူတို့သည် သူ့ဘို့ကြိုးစား၍ ဘုရားသခင်ကို ဆုတောင်းဝတ်ပြုကြ၏။
Cross References
Genesis 22:14ထိုအရပ်ကို ယေဟောဝါယိရဟု အာဗြဟံ သမုတ်လေ၏။ ထိုသို့နှင့်အညီ တောင်ပေါ်မှာ ထာဝရ ဘုရားပြင်ဆင်တော်မူမည်ဟု ယနေ့တိုင်အောင် ဆိုလေ့ ရှိသတည်း။
1 Samuel 23:26ရှောလုသည် တောင်တဘက်၌၎င်း၊ ဒါဝိဒ်နှင့် သူ၏လူတို့သည် တဘက်၌၎င်း၊ သွားကြ၍ ရှောလုကို ကြောက်သဖြင့်၊ လွတ်အောင်ကြိုးစားစဉ်တွင်၊ ရှောလုနှင့် သူ၏လူတို့သည် ဒါဝိဒ်နှင့် သူ၏လူတို့ကို ဝိုင်း၍ ဘမ်းမိလုကြပြီ။
Psalms 4:8ငြိမ်ဝပ်စွာအိပ်၍ ပျော်ပါမည်။ အကြောင်းမူ ကား၊ အကျွန်ုပ်သည် လုံခြုံစွာနေရသောအခွင့်ကို ကိုယ် တော်အရှင် ထာဝရဘုရားသာလျှင် အခွင့်ပေးတော်မူ၏။
Jeremiah 40:4ယခုမှာ သင့်လက်၌ ချည်နှောင်လျက်ရှိသော သံကြိုးကို ငါချွတ်မည်။ ငါနှင့်အတူ ဗာဗုလုန်မြို့သို့ လိုက်လာခြင်းငှါ အလိုရှိလျှင် လိုက်လာပါ။ ငါသည် ကောင်းမွန်စွာ ကြည့်ရှုမည်။ ငါနှင့်အတူ ဗာဗုလုန်မြို့သို့ လိုက်ခြင်းငှါ အလိုမရှိလျှင် မလိုက်နှင့်။ တပြည်လုံးသည် သင့်ရှေ့မှာရှိ၏။ အကြင်အရပ်သို့သွားကောင်းသည်ဟု စိတ်ထင်လျှင်၊ ထိုအရပ်တည်းဟူသော စိတ်ရောက်ရာ အရပ်သို့ သွားပါလော့ဟုဆို၏။
Acts 5:23ထောင်တံခါးလည်းအထူးသဖြင့် လုံခြုံစွာ ပိတ် လျက်၊ ထောင်ကို စောင့်သော သူတို့လည်း တံခါးပြင်မှာ ရပ်လျက်ရှိကြသည်ကို အကျွန်ုပ်တို့ သည်တွေ့ပါ၏။ ဖွင့်ပြီးမှအထဲ၌အဘယ်သူကိုမျှမတွေ့ပါဟု ကြားလျှောက် ကြ၏။
Acts 28:20ဣသရေလအမျိုး၏မြောက်လင့်ရာ အတွက်ကြောင့်၊ အကျွန်ုပ်သည် ဤသံကြိုးနှင့်ချည်နှောင်ခြင်းကို ခံရပါ၏ဟု ပြောဆိုလျှင်၊