တမန်တော်ဝတ္ထု 14:23
အသင်းတော်များတို့၌ သင်းအုပ်တို့ကို ခန့်ထား၍၊ အစာရှောင်လျက်ဆုတောင်းပဌနာ ပြုပြီး လျှင်၊ သင်းဝင်သူတို့ယုံကြည်သော သခင်ဘုရား၏ လက်တော်သို့ ထိုအသင်းတော်တို့ကို အပ်နှံကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
24ပိသိဒိပြည်တပြည်လုံးကို ရှောက်သွား၍ ပံဖုလိပြည်သို့ ရောက်လျှင်၊
Cross References
Mark 3:14ကိုယ်တော်နှင့်အတူ ရှိနေစေခြင်းငှါ၎င်း၊ တရားဟောသောအခွင့်၊ အနာရောဂါတို့ကို ငြိမ်းစေ၍၊
Acts 1:22သခင်ယေရှုသည် ငါတို့နှင့်ခွါ၍အထက်သို့ဆောင်ယူခြင်းကို ခံတော်မူသည့်နေ့ရက်တိုင်အောင်၊ တပည့် တော်တို့နှင့်အတူ ထွက်ဝင်သွားလာတော်မူသောကာလပတ်လုံး ငါတို့နှင့်ပေါင်းဘော်၍နေသောသူတစုံတ ယောက်သည်၊ ထိုသခင်ထမြောက်တော်မူသည် အကြောင်းကိုဟောပြော၍ ငါတို့နှင့်အတူသက်သေခံဖြစ် ရမည် ဟု ပေတရုပြောဆို၏။
Acts 13:1အန္တိအုတ်မြို့တွင်ရှိသော အသင်းတော်၌ ဗာနဗမှစ၍ နိဂါဟု ခေါ်ဝေါ်သော ရှုမောင်၊ ကုရေနေ ပြည်သားလုကိ၊ စော်ဘွားဟေရုဒ်၏ သူငယ်ချင်း အရင်း ဖြစ်သော မာနင်နှင့်ရှောလုတည်းဟူသော ပရောဖက် ပြုသူ၊ ဆရာပြုသူရှိကြ၏။
Acts 15:4ယေရုရှလင်မြို့သို့ရောက်လျှင်၊ တမန်တော်တို့နှင့် သင်းအုပ်တို့မှစ၍ သင်းဝင်သူများတို့တွင် လက်ခံခြင်း ကျေးဇူးကိုခံ၍၊ မိမိတို့အားဖြင့် ဘုရားသခင်ပြုတော်မူ သမျှတို့ကို ပြန်ကြားကြ၏။
Acts 15:23သူတို့လက်ဖြင့် ပေးလိုက်သော စာဟူမူကား၊ တမန်တော်၊ သင်းအုပ်၊ ညီအစ်ကိုများတို့သည်၊ အန္တိအုတ်မြို့မှစ၍ ရှုရိပြည်၊ ကိလိကိ ပြည်တို့၌ရှိနေ၍ တပါးအမျိုးသားဖြစ်သော ညီအစ်တို့ကို မေတ္တာနှင့်ကြား လိုက်ပါ၏။
Acts 20:32ညီအစ်ကိုတို့၊ ယခုငါသည်သင်တို့ကို ဘုရားသခင်၌ အပ်နှံ၏။ သင်တို့ကို တည်ဆောက်ခြင်းငှါ၎င်း၊ သန့်ရှင်းသောသူအပေါင်းတို့နှင့် အတူသင်တို့အား အမွေပေးခြင်းငှါ၎င်း၊ တတ်နိုင်သောဘုရားသခင်၏ ကျေးဇူးတော်တရား၌လည်း သင်တို့ကိုငါအပ်နှံ၏။