တမန်တော်ဝတ္ထု 15:9
ယုံကြည်ခြင်းအားဖြင့်လည်း သူတို့၏ စိတ်နှလုံး ကိုစင်ကြယ် စေ၍ ငါတို့ကို ခြားနားစေတော်မမူ။
1835 Judson Burmese Bible
In The King James Version
And put no difference between us and them, purifying their hearts by faith.
In Context
Cross References
Acts 10:28ပေတရုက၊ ယုဒလူဖြစ်သောသူတို့သည် တပါး အမျိုးသားတို့နှင့် မပေါင်းတော် မချည်းကပ်အပ်သည်ကို သင်တို့သိကြ၏။ သို့သော်လည်း ညစ်ညူးသည် မစင်ကြယ် ဟု အဘယ်သူကိုမျှ မခေါ်ရမည်အကြောင်း၊ ဘုရားသခင် သည်၊ ငါ့အားဆုံးမပြသတော်မူပြီ။
Acts 10:43ထိုသခင်ကို ယုံကြည်သောသူရှိသမျှတို့သည် နာမတော် အားဖြင့် အပြစ်လွှတ်တော်မူခြင်း ကျေးဇူးကို ခံရကြလတံ့ဟူ၍ မရောဖက် အပေါင်းတို့သည် ထိုသခင် ၏ သက်သေခံဖြစ်ကြသည်ဟု ပေတရုမြွက် ဆို၏။
Acts 14:1ဣကောနိမြို့သို့ရောက်လျှင် ထိုသူနှစ်ယောက် တို့သည် ယုဒတရားစရပ်သို့ဝင်၍ ဟောပြောသဖြင့်၊ ယုဒလူ၊ ဟေလသလူများ အပေါင်းတို့သည် ယုံကြည် ခြင်းသို့ ရောက်ကြ၏။
Romans 3:9ထိုသို့ဖြစ်လျှင် အဘယ်သို့နည်း။ ငါတို့သည် မြတ်သလောဟု မေးပြန်သော်။ အလျှင်းမမြတ်။ အကြောင်းမူကား၊ ယုဒလူ၊ ဟေလသလူအပေါင်းတို့သည် အပြစ်ရှိကြောင်းကို အထက်ပြခဲ့ပြီ။
Romans 3:29ဘုရားသခင်သည် ယုဒလူတို့၏ ဘုရားသာ ဖြစ်တော်မူသလော။ တပါးအမျိုးသားတို့၏ ဘုရားဖြစ် တော်မူသည်မဟုတ်လော။ ဟုတ်ပေ၏။ တပါးအမျိုးသား တို့၏ ဘုရားလည်း ဖြစ်တော်မူ၏။
Romans 9:24ယုဒအမျိုးသားတို့အထဲမှသာမဟုတ်၊ တပါး အမျိုးသားတို့အထဲမှ ပရောဖက်ဟောရှေဆိုသည်အတိုင်း ခေါ်တော်မူသော ငါတို့၌ ဘုန်းအာနုဘော်တော် ကြွယ်ဝခြင်းကို ထင်ရှားစေခြင်းငှါ ပြုတော်မူသည် မှန်လျှင်၊ အဘယ်ပြောဘွယ်ရှိအံ့နည်း။