တမန်တော်ဝတ္ထု 16:1
ထိုနောက်မှ ပေါလုသည် ဒေရဗေမြို့နှင့် လုတ္တရမြို့သို့ရောက် လေ၏။ လုတ္တရမြို့၌ တိမောသေ အမည်ရှိသော တပည့်တော်တယောက် ရှိ၏။ သူ၏ အမိကား၊ ယုံကြည်သောယုဒမိန်းမဖြစ်၏။ အဘကား၊ ဟေလသလူဖြစ်၏။
1835 Judson Burmese Bible
In The King James Version
In Context
2ထိုသူသည်လုတ္တရမြို့၊ ဣကောနိမြို့၌ရှိသော ညီအစ်ကိုတို့ တွင်အသရေရှိသောသူဖြစ်၏။
Cross References
Ezra 9:2အကြောင်းမူကား၊ သူတို့သမီးများကို ကိုယ်ဘို့၎င်း၊ ကိုယ်သားဘို့၎င်း၊ သိမ်းယူသဖြင့်၊ သန့်ရှင်းသော အမျိုး သည် ဤပြည်သားရင်းအမျိုးနှင့် ရောနှောလျက်ရှိ၍၊ အကြီးအကဲနှင့် မင်းအရာရှိတို့သည်၊ ဤဒုစရိုက် အမှုကို အဦးပြုကြပြီတကားဟု ကြားပြောကြ၏။
Acts 14:6တမန်တော်တို့သည်သိလျှင်၊ လုကောနိပြည်၌ လုတ္တရမြို့၊ ဒေရဗေမြို့မှစ၍ ကျေးလက်များသို့ ထွက်ပြေး၍၊
Acts 17:14ထိုအခါ ညီအစ်ကိုတို့သည် ပေါလုကို ပင်လယ်လမ်းဖြင့် သွားစေခြင်းငှါ ချက်ခြင်းလွှတ်လိုက်ကြ၏။ သိလနှင့် တိမောသေတို့သည် နေရစ်ကြ၏။
Acts 19:22မိမိအားလုပ်ကျွေးသော သူနှစ်ယောက်၊ တိမောသနှင့် ဧရတ္တု တို့ကို မာကေဒေါနိပြည်သို့ စေလွှတ်ပြီးမှ မိမိသည် အာရှိပြည်၌ခဏ နေသေး၏။
Romans 16:21ငါနှင့်အတူ အမှုတော်ကို ဆောင်ရွက်သော တိမောသမှစ၍ ငါ၏အဆွေအမျိုးလုကိ၊ ယာသုန်သော သိပတရုတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။
1 Corinthians 7:14အကြောင်းမူကား၊ မယုံကြည်သောလင်သည် မိမိမယားအဘို့ စင်ကြယ်၏။ မယုံကြည်သော မယား သည်လည်း မိမိလင်အဘို့ စင်ကြယ်၏။ သို့မဟုတ်လျှင် သင်တို့၏ သားသမီးသည် မစင်ကြယ်။ ယခုတွင် စင်ကြယ်ကြ၏။