The Bible Software
bible.software › တမန်တော်ဝတ္ထု › တမန်တော်ဝတ္ထု 17 › တမန်တော်ဝတ္ထု 17:16

တမန်တော်ဝတ္ထု 17:16

ပေါလုသည်အာသင်မြို့၌ သိလနှင့် တိမောသေ တို့ကို ငံ့လင့်၍ နေစဉ်တွင်၊ ထိုမြို့သည် ရုပ်တုတို့နှင့် အပြည့်ရှိသည်ကိုမြင်လျှင် စိတ်ပူ ပန်ခြင်းသို့ရောက်၏။

1835 Judson Burmese Bible

In The King James Version

Now while Paul waited for them at Athens, his spirit was stirred in him, when he saw the city wholly given to idolatry.

In Context

15ပေါလုကိုပို့သောသူတို့သည် အာသင်မြို့ တိုင်အောင် ပို့ဆောင်ပြီးမှ၊ သိလနှင့် တိမောသေတို့ကို အလျင်အမြန်လာစေခြင်းငှါ မှာစာကိုခံ ၍ပြန်ကြ၏။

17ထိုကြောင့် တရားစရပ်၌ ယုဒလူမှစ၍ ဘုရား ကို ကိုးကွယ်သော သူတို့နှင့်၎င်း၊ လူများစုဝေးရာအရပ်၌ နေ့တိုင်းတွေ့ကြုံသော သူတို့နှင့်၎င်း ဆွေးနွေး နှီးနှောခြင်းကိုပြု၏။

Read all of တမန်တော်ဝတ္ထု 17

Cross References

Exodus 32:19တပ်အနီးသို့ ရောက်သောအခါ၊ နွားသငယ်ကို၎င်း၊ ကခုန်ခြင်းကို၎င်းမြင်လျှင်၊ မောရှေသည် အမျက် ထွက်သဖြင့် ကျောက်ပြားတို့ကို ချ၍ တောင်ခြေရင်း၌ ချိုးဖဲ့၏။

1 Kings 19:10ဧလိယကလည်း၊ အကျွန်ုပ်သည် ကောင်းကင် ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားဘက်၌ အလွန် စိတ်အားကြီးပါပြီ။ အကြောင်းမူကား၊ ဣသရေလအမျိုးသားတို့သည် ကိုယ်တော်၏ပဋိညာဉ်တရားကို စွန့်ပြီးလျှင်၊ ကိုယ်တော်၏ယဇ်ပလ္လင်များကို ဖြိုဖျက်၍ ကိုယ်တော်၏ပရောဖက်များကို ထားနှင့်သတ်ကြပါပြီ။ အကျွန်ုပ်တယောက်တည်း ကျန်ရစ်၍၊ အကျွန်ုပ်တယောက်တည်းကျန်ရစ်၍၊ အကျွန်ုပ်အသက်ကို ပင်သတ်ခြင်းငှါ ရှာကြပါသည်ဟု လျှောက်လေ၏။

Job 32:2ထိုအခါ ဗုဇအမျိုးအာရအနွှယ်ဖြစ်သော ဗာရ ခေလသားဧလိဟု သည်အမျက်ထွက်၏။ ယောဘသည် ဘုရားသခင်ထက်မိမိဖြောင့်မတ်ကြောင်းကို ပြသော ကြောင့်၊ ယောဘကို အမျက်ထွက်၏။

Psalms 69:9ကိုယ်တော်၏အိမ်တော်၌ စွဲလမ်းပူပန်ခြင်းစိတ်သည် အကျွန်ုပ်ကို စားပါ၏။ ကိုယ်တော်ကို ကဲ့ရဲ့သော သူတို့၏စကားသည် အကျွန်ုပ်အပေါ်သို့ ရောက်ပါ၏။

Psalms 119:158သစ္စာမရှိသောသူတို့ကို အကျွန်ုပ်သည်မြင်၍ စိတ်နာပါ၏။ အကြောင်းမူကား၊ သူတို့သည် ဗျာဒိတ်တော် စကားကို နားမထောင်ဘဲ နေကြပါ၏။

Micah 3:8ငါမူကား၊ ယာကုပ်အမျိုး လွန်ကျူးခြင်း၊ ဣသ ရေလအမျိုးပြစ်မှားခြင်းကို သူတို့အား ဘော်ပြနိုင်မည် အကြောင်း၊ ထာဝရဘုရား၏ ဝိညာဉ်တော်အားဖြင့် အရှိန်တန်ခိုး၊ ဉာဏ်သတ္တိ၊ အစွမ်းသတ္တိနှင့် ပြည့်စုံ၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study တမန်တော်ဝတ္ထု 17:16

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesJohn LightfootGeneva Bible Notes (1599)Robertson's Word Pictures
← တမန်တော်ဝတ္ထု 17:15တမန်တော်ဝတ္ထု 17တမန်တော်ဝတ္ထု 17:17 →