တမန်တော်ဝတ္ထု 19:10
တုရန္နုအမည်ရှိသောသူ၏ စာသင်စရပ်၌ နှစ်နှစ်ပတ်လုံး နေ့တိုင်းဟောပြောသောအားဖြင့်၊ အာရှိ ပြည်သားဖြစ်သော ယုဒလူ၊ ဟေလသလူ အပေါင်းတို့ သည် သခင်ယေရှု၏ နှုတ်ကပတ်တရားတော်ကို ကြားရကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
11ဘုရားသခင်သည် ပေါလုလက်ဖြင့် အလွန် တရာ ထူးဆန်းသော တန်ခိုးများကိုပြတော်မူသည်ဖြစ်၍၊
Cross References
Acts 16:6ဖြူဂိပြည်၊ ဂလာတိပြည်ကို ရှောက်သွားပြီးမှ အာရှိပြည်၌ နှုတ်ကပတ်တရားတော်ကို မဟောစေခြင်းငှါ သန့်ရှင်းသော ဝိညာဉ် တော်သည်မြစ်တားတော်မူသဖြင့်၊
Acts 18:11ပေါလုသည် ထိုမြို့သူမြို့သားတို့အား ဘုရား သခင်၏ နှုတ်ကပတ်တရားတော်ကို ဟောပြော သွန်သင် ၍ တနှစ်နှင့်ခြောက်လ ပတ်လုံးနေလေ၏။
Acts 19:22မိမိအားလုပ်ကျွေးသော သူနှစ်ယောက်၊ တိမောသနှင့် ဧရတ္တု တို့ကို မာကေဒေါနိပြည်သို့ စေလွှတ်ပြီးမှ မိမိသည် အာရှိပြည်၌ခဏ နေသေး၏။
Acts 20:18သူတို့သည် ရောက်ကြသောအခါ၊ ပေါလုက၊ ငါသည်အာရှိ ပြည်သို့ရောက်သော နေ့မှစ၍ ယခုတိုင် အောင် သင်တို့ရှေ့မှာ အဘယ်သို့ ကျင့်နေသည်ကို သင်တို့သိကြ၏။
Acts 20:31ထိုကြောင့် စောင့်ရှောက်၍နေကြလော့။ ငါသည်သုံးနှစ်ပတ် လုံးနေ့ညမပြတ်လူအပေါင်းတို့ကို မျက်ရည်နှင့်တကွ ဆုံးမ၍ နေကြောင်းကို အောက်မေ့ကြ လော့။
Romans 10:12ယုဒအမျိုး၊ ဟေလသအမျိုးကိုမရွေး၊ လူ အပေါင်းတို့ကို အစိုးရသော အရှင်တပါးတည်းရှိ၍၊ ကိုယ်တော်ကိုပဌာနပြုသော သူအပေါင်းတို့၌ ကျေးဇူး ကြွယ်ဝတော်မူ၏။