တမန်တော်ဝတ္ထု 19:28
ထိုစကားကိုကြားလျှင်၊ ထိုသူတို့သည် ဒေါသအမျက်နှင့် ပြည့်သဖြင့်၊ ဧဖက်လူတို့၏ အာတေမိသည် ကြီးမြတ်တော်မူ၏ဟု အော်ဟစ်ကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
1 Kings 18:26သူတို့သည် လူများပေးသော နွားကိုယူ၍ လုပ်ပြီးလျှင်၊ အိုဗာလဘုရား၊ အကျွန်ုပ်တို့အား ထူးတော်မူပါဟု နံနက်အချိန်မှစ၍ မွန်းတည့်အချိန်တိုင်အောင် ဗာလ၏ နာမကို ဟစ်ခေါ်ကြ၏။ သို့ရာတွင် ဗျာဒိတ်သံမရှိ။ ထူးသောသူလည်းမရှိ။ သူတို့သည် ကိုယ်တည်သော ယဇ်ပလ္လင်ရှေ့မှာ ကခုန်ကြ၏။ သို့ရာတွင် ဗျာဒိတ်သံမရှိ။ ထူးသောသူလည်းမရှိ။ သူတို့သည် ကိုယ်တည်သော ယဇ်ပလ္လင်ရှေ့မှာ ကခုန်ကြ၏။
Isaiah 41:5တကျွန်းတနိုင်ငံအရပ်တို့သည် မြင်၍ ကြောက် ကြ၏။ မြေကြီးစွန်းသားတို့သည် ထိတ်လန့်သော စိတ်နှင့် ချဉ်းကပ်၍ စုဝေးကြ၏။
Acts 7:54ထိုစကားကိုကြားလျှင် နှလုံးကွဲပြတ်မတတ် ဖြစ်၍၊ သတေဖန်၌ အံသွားခဲကြိတ်ခြင်းကို ပြုကြလေ၏။
Acts 18:19ဧဖက်မြို့သို့ရောက်လျှင်၊ တရားစရပ်သို့ဝင်၍ ယုဒလူတို့နှင့် ဆွေးနွေးနှီးနှောလေ၏။
Acts 21:28ဤသူကား၊ ငါတို့အမျိုးနှင့် ပညတ်တရားကို၎င်း ဤအရပ်ဌာနကို၎င်း၊ ခပ်သိမ်းသောအရပ်တို့၌ ဆန့်ကျင်ဘက်ပြု၍၊ လူအပေါင်းတို့အား ဆုံးမဩဝါဒ ပေးသောသူဖြစ်ပါ၏။ ထိုမျှမက၊ ဟေလသလူတို့ကို ဗိမာန်တော်ထဲသို့သွင်း၍၊ ဤသန့်ရှင်းရာဌာနတော်ကို ညစ်ညူးစေပြီတကားဟု ဟစ်ကြော်၍၊ ပေါလုကို ဘမ်းဆီးကြ၏။
Revelation 13:4ထိုသားရဲ၌ အာဏာစက်ကို အပ်ပေးသော နဂါးကို ကိုးကွယ်ကြ၏။ သားရဲကိုလည်း ကိုးကွယ်၍၊ အဘယ်သူသည် သားရဲနှင့်တူသနည်း။ အဘယ်သူသည် သူ့ကိုစစ်ပြိုင်နိုင်သနည်းဟု ပြောဆိုကြ၏။