တမန်တော်ဝတ္ထု 19:29
တမြို့လုံးရုန်းရင်းခတ်မျှဖြစ်၍၊ ပေါလုနှင့်အတူ ဒေသစာရီ လှည့်လည်သော မာတေဒေါနိလူ ဂါယုနှင့် အာရိတ္တာခုတို့ကို ဆွဲယူပြီးလျှင်၊ ပွဲခံရာစရပ်ထဲသို့ ညီညွတ်စွာ တဟုန်တည်းပြေးဝင်ကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
30ပေါလုသည် လူစုထဲသို့ဝင်ခြင်းငှါ အလိုရှိလျှင် တပည့်တော် တို့သည် မြစ်တားကြ၏။
Cross References
Acts 16:9ညဉ့်အခါပေါလုသည် ဗျာဒိတ်ရူပါရုံကိုမြင်ရ၍၊ မာကေဒေါနိ လူတယောက်က၊ မာကေဒေါနိပြည်သို့ ကူးပါ။ ငါတို့ကိုမစပါဟုရပ်လျက် တောင်းပန်၏။
Acts 19:22မိမိအားလုပ်ကျွေးသော သူနှစ်ယောက်၊ တိမောသနှင့် ဧရတ္တု တို့ကို မာကေဒေါနိပြည်သို့ စေလွှတ်ပြီးမှ မိမိသည် အာရှိပြည်၌ခဏ နေသေး၏။
Acts 20:4ပေါလုနှင့်အတူအာရှိပြည်သို့ လိုက်သောသူ ဟူမူကား၊ ဗေရိ မြို့သားဖြစ်သော ပုရု၏သား သောပ တရု၊ သက်သာလောနိတ်မြို့သား အာရိတ္တာခုနှင့် သေ ကုန္ဒု၊ ဒေရဗေမြို့သားဂါယု၊ လုတ္တရမြို့သား တိမောသေ၊ အာရှိပြည်သား၊ တုခိတ်နှင့် တရောဖိမ်တည်း။
Acts 21:30တမြို့လုံးရုန်းရင်းခတ်မျှ ဖြစ်လျှင်၊ လူများတို့သည် ပြေးလာ၍ စုဝေးကြလျက်၊ ပေါလုကိုကိုင်ယူ၍ ဗိမာန်တော်ပြင်သို့ ဆွဲငင်ပြီးမှ တခဏ ခြင်းတံခါးများတို့ကို ပိတ်ထားကြ၏။
Acts 27:2အာဒြမုတ္တိ သင်္ဘောကိုစီး၍ အာရှိပြည်နားသို့ ရှောက်သွားမည်အကြံနှင့် လွှင့်ကြ၏။ အာရိတ္တခု အမည်ရှိသော မာကေဒါနိပြည်သက် သာလောနိတ် မြို့သားသည် ငါတို့နှင့်ပါ၏။
1 Corinthians 1:14ကရိပ္ပုနှင့်ဂါယုမှတပါး၊ သင်တို့တွင် အဘယ်သူ အားမျှ ဗတ္တိဇံကို ငါမပေးသည်ဖြစ်၍ ဘုရားသခင်၏ ကျေးဇူးတော်ရှိပါ၏။