တမန်တော်ဝတ္ထု 2:9
ပါသိပြည်မှစ၍မေဒိပြည်၊ ဧလံပြည်၊ မေသောပေါတာမိပြည်၊ ယုဒပြည်၊ ကုပ္ပဒေါကိပြည်၊ ပုန္တုပြည်၊ အာရှိပြည်၊
1835 Judson Burmese Bible
In The King James Version
In Context
8သို့ဟုတ်လျှင်ငါတို့သည် အသီးသီးမွေးဘွားရာဌာန၏ ဘာသာစကားများကို ကြားရသည်ကား အဘယ် သို့နည်း။
Cross References
Genesis 10:22ရှေမသားကား၊ ဧလံ၊ အာရှရ၊ အာဖါဇဒ်၊ လုဒ၊ အာရံတည်း။
Genesis 24:10ထိုကျွန်သည်လည်း၊ မိမိသခင်၏ဥစ္စာရှိသမျှကို စီရင်သောသူဖြစ်၍၊ သခင်၏ကုလားအုပ်စုထဲက၊ ကုလား အုပ်ဆယ်စီးကိုယူ၍ထသွားသဖြင့်၊ မေသောပေါဘာမိ တိုင်း၊ နာခေါ်မြို့သို့ ရောက်လေ၏။
Judges 3:8ထာဝရဘုရားသည် ဣသရေလအမျိုး၌ ပြင်းစွာ အမျက်တော်ထွက်၍၊ မေသောပေါတာမိရှင်ဘုရင် ခုရှံရှသိမ်၌ ရောင်းတော်မူသဖြင့်၊ ဣသရေလလူတို့သည် ရှစ်နှစ်ပတ်လုံး ထိုရှင်ဘုရင်ထံ၌ ကျွန်ခံရကြ၏။
1 Chronicles 19:6ဟာနုန်မင်းနှင့် အမ္မုန်အမျိုးသားတို့က၊ ငါတို့ သည် ဒါဝိဒ်ရှေ့မှာ စက်ဆုပ်ရွံရှာဘွယ်ဖြစ်လိမ့်မည်ဟု သိလျှင်၊ မေသောပေါတာမိပြည်၊ ရှုရိမာခါပြည်၊ ဇောဘပြည်တို့၌ မြင်းရထားတို့ကိုငှါးခြင်းငှါ ငွေအခွက် တသောင်းကို ထုတ်၍၊
Isaiah 11:11ထိုကာလ၌ ထာဝရဘုရားသည် လက်တော်ကို ဆန့်၍၊ ကျန်ကြွင်းသော ကိုယ်တော်၏ လူတို့ကိုအာရှုရိ ပြည်၊ အဲဂုတ္တုပြည်၊ ပါသရုပြည်၊ ကုရှပြည်၊ ဧလံပြည်၊ ရှိနာပြည်၊ဟာမတ်ပြည်၊ ပင်လယ်တဘက်၌ရှိသော ပြည် များတို့မှ ကယ်ယူခြင်းငှါ တဖန်ပြုတော်မူလိမ့်မည်။
Daniel 8:2ဧလံပြည်၊ ရူရှန်မြို့တော်၌ ဥလဲမြစ်နားမှာ ငါရှိ စဉ်၊ ရူပါရုံထင်ရှား၍၊