တမန်တော်ဝတ္ထု 20:33
သူ့ရွှေငွေ အဝတ်တန်ဆာတို့ကို ငါသည်တပ်မက်ခြင်းမရှိပြီ။
1835 Judson Burmese Bible
In The King James Version
I have coveted no man’s silver, or gold, or apparel.
In Context
34ဤလက်တို့သည် ငါ့ကို၎င်း၊ ငါ့အပေါင်းအဘော် တို့ကို၎င်း၊ လုပ်ကျွေးပြီဟု သင်တို့သည် ကိုယ်တိုင်သိကြ၏။
Cross References
Numbers 16:15မောရှေသည် အလွန်အမျက်ထွက်၍၊ ဤသူတို့ ပူဇော်သက္ကာကို ပမာဏပြုတော်မမူပါနှင့်။ သူတို့ဥစ္စာ မြည်းတကောင်ကိုမျှ အကျွန်ုပ်မသိမ်းပါ။ သူတို့တွင် တယောက်ကိုမျှ မညှဉ်းဆဲပါဟု ထာဝရဘုရားအား လျှောက်၍၊
1 Corinthians 9:12အခြားသောသူတို့သည် သင်တို့ထံမှာ ထိုအခွင့် ကိုရလျှင် ငါတို့သည် သာ၍ရထိုက်သည်မဟုတ်လော။ သို့သော်လည်း ထိုအခွင့်ကို ငါတို့သည် မသုံးဘဲ၊ ခရစ်တော် ၏ ဧဝံဂေလိတရားကို ဆီးတားခြင်းအကြောင်း မရှိ စေခြင်းငှါ အရာရာ၌ သည်းခံကြ၏။
1 Corinthians 9:18သို့ဖြစ်၍ ငါ၏အကျိုးအဘယ်သို့နည်းဟူမူကား၊ ဧဝံဂေလိတရားကို ဟောသောအခါ၊ ဟောခြင်းနှင့် စပ်ဆိုင်သော အခွင့်ကို မသုံးဘဲလျက်၊ ခရစ်တော်၏ ဧဝံဂေလိတရားကို နာသောသူတို့သည် အဘယ် စရိတ်ကိုမျှ မကုန်ဘဲနေစေခြင်းငှါ ပြုလျှင်ငါ၌အကျိုးရှိ၏။
2 Corinthians 11:9သင်တို့နှင့်အတူရှိနေ၍ တစုံတခုကိုလိုသောအခါ အဘယ်သူကိုမျှ ငါမနှောင့်ရှက်။ အကြောင်းမူကား၊ မာကေဒေါနိပြည်ကလာသော ညီအစ်ကိုတို့သည် ငါလိုသမျှကိုပေးကြ၏။ သင်တို့ကို အလျှင်းမနှောင့်ယှက်ဘဲ သတိနှင့်နေခဲ့ပြီ။ နောင်၌လည်း သတိနှင့်နေဦးမည်။
1 Thessalonians 2:5အဘယ်သို့နည်းဟူမူကား၊ သင်တို့သိကြသည်နှင့်အညီ၊ ငါတို့သည် ချော့မော့သောစကားကို တခါမျှမသုံး၊ ဝှက်ထားသော လောဘစိတ်အလျှင်းမရှိကြောင်းကို ဘုရားသခင်သည် ငါတို့သက်သေ ဖြစ်တော်မူ၏။