တမန်တော်ဝတ္ထု 20:38
နောက်တဖန် သူ၏မျက်နှာကို မမြင်ရဟူသော စကားကြောင့် သာ၍ ကြေကွဲသောစိတ်နှင့် ပေါလုကို သင်္ဘောသို့ ပို့လိုက်ကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
37ထိုသူအပေါင်းတို့သည် အလွန်ငိုကြွေး၍၊ ပေါလု၏ လည်ပင်းကို ဘက်ယမ်းလျက် သူ့ကိုနမ်းကြ၏။
Cross References
Acts 15:3အသင်းတော်သည်လမ်း၌ပို့သဖြင့်၊ ပေါလုနှင့် ဗာနဗတို့သည် ဖိနိတ်ပြည်နှင့် ရှမာရိပြည်ကို ရှောက်သွား၍ တပါးအမျိုးသားတို့ ပြောင်းလဲခြင်းအကြောင်းအရာကို ကြားပြောသဖြင့်၊ ညီအစ်ကိုအပေါင်း တို့ကို အလွန်ဝမ်းမြောက်စေကြ၏။
Acts 21:5ခုနစ်ရက်စေ့သောအခါ တပည့်တော်အပေါင်းတို့သည် သားမယားနှင့်တကွ မြို့ပြင်သို့ ငါတို့ကို ပို့လိုက် ကြ၍ ငါတို့သည်ထွက်သွား ပြီးလျှင်၊ ပင်လယ်ကမ်းပေါ်၌ ဒူးထောက်လျက်ဆုတောင်းကြ၏။
1 Corinthians 16:11ထိုကြောင့် အဘယ်သူမျှသူ့ကို မထီမဲ့မြင်မပြုစေနှင့်။ သူသည် ငါ့ထံသို့ငြိမ်ဝပ်စွာ ပြန်ရမည် အကြောင်းပို့ဆောင်ခြင်း ကျေးဇူးကို ပြုကြလော့။ သူသည် အခြားသော ညီအစ်ကိုတို့နှင့်အတူ လာလိမ့်မည်ဟု ငါမြော်လင့်လျက်နေ၏။