တမန်တော်ဝတ္ထု 20:4
ပေါလုနှင့်အတူအာရှိပြည်သို့ လိုက်သောသူ ဟူမူကား၊ ဗေရိ မြို့သားဖြစ်သော ပုရု၏သား သောပ တရု၊ သက်သာလောနိတ်မြို့သား အာရိတ္တာခုနှင့် သေ ကုန္ဒု၊ ဒေရဗေမြို့သားဂါယု၊ လုတ္တရမြို့သား တိမောသေ၊ အာရှိပြည်သား၊ တုခိတ်နှင့် တရောဖိမ်တည်း။
1835 Judson Burmese Bible
In The King James Version
In Context
5ဤသူတို့သည် ငါတို့အရင်သွား၍ တရောမြို့၌ ငံ့လင့်လျက် နေကြ၏။
Cross References
Acts 14:6တမန်တော်တို့သည်သိလျှင်၊ လုကောနိပြည်၌ လုတ္တရမြို့၊ ဒေရဗေမြို့မှစ၍ ကျေးလက်များသို့ ထွက်ပြေး၍၊
Acts 16:1ထိုနောက်မှ ပေါလုသည် ဒေရဗေမြို့နှင့် လုတ္တရမြို့သို့ရောက် လေ၏။ လုတ္တရမြို့၌ တိမောသေ အမည်ရှိသော တပည့်တော်တယောက် ရှိ၏။ သူ၏ အမိကား၊ ယုံကြည်သောယုဒမိန်းမဖြစ်၏။ အဘကား၊ ဟေလသလူဖြစ်၏။
Acts 17:10ညဉ့်အခါ ညီအစ်ကိုတို့သည် ပေါလုနှင့်သိလကို ဗေရိမြို့သို့ ချက်ခြင်းလွှတ်လိုက်ကြ၏။ ထိုမြို့သို့ ရောက်လျှင် ယုဒတရားစရပ်သို့ ဝင်ကြ၏။
Acts 21:29အထက်ကမြို့ထဲ၌ ပေါလုနှင့်အတူတရောဖိမ်အမည်ရှိသော ဧဖက်မြို့သားတယောက်ကို မြင်ကြ သည်ဖြစ်၍၊ ထိုသူကိုပေါလုသည် ဗိမာန်တော်ထဲသို့ သွင်းသည်ဟု ထင်မှတ်ကြ၏။
Romans 16:21ငါနှင့်အတူ အမှုတော်ကို ဆောင်ရွက်သော တိမောသမှစ၍ ငါ၏အဆွေအမျိုးလုကိ၊ ယာသုန်သော သိပတရုတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။
2 Corinthians 1:1ဘုရားသခင်၏အလိုတော်အားဖြင့် ယေရှုခရစ်၏ တမန်တော် ဖြစ်သော ငါပေါလုနှင့် ငါ့ညီတိမောသေ သည်၊ ကောရိန္သုမြို့၌ရှိသော ဘုရားသခင်၏ အသင်း တော်မှ စ၍၊ အခါယပြည် အရပ်ရပ်တို့၌ရှိသော သန့်ရှင်း သူအပေါင်းတို့ကို ကြားလိုက်ပါ၏။