တမန်တော်ဝတ္ထု 21:40
စစ်သူကြီးသည်အခွင့်ပေးသဖြင့်၊ ပေါလုသည် လှေကားပေါ်မှာ ရပ်၍ထိုလူတို့အား မိမိလက်နှင့် အမှတ်ပေးလေ၏။ သူတို့သည်အလွန် တိတ်ဆိတ်စွာ နေကြသောအခါ၊ ဟေဗြဲဘာသာအားဖြင့်မြွက်ဆိုလျက်၊
1835 Judson Burmese Bible
In The King James Version
In Context
Cross References
2 Kings 9:13သူတို့သည် အလျင်အမြန်ထသဖြင့်၊ အသီး အသီးမိမိတို့ ဝတ်လုံကိုယူ၍ လှေကားထိပ်ပေါ် ယေဟု အောက်မှာခင်းလျက်၊ ယေဟုသည် ရှင်ဘုရင်ဖြစ်တော်မူ ၏ဟု တံပိုးမှုတ်၍ ဟစ်ကြော်ကြ၏။
John 5:2ယေရုရှလင်မြို့၌ သိုးတံခါးနားမှာ ဟေဗြဲဘာသာစကားအားဖြင့် ဗေသေသဒအမည်ရှိသော ရေကန် ရှိ၏။ ထိုရေကန်သည် ကနားပြင်ငါးဆောင်နှင့် ပြည့်စုံ၏။
John 19:17ကိုယ်တော်သည် မိမိလက်ဝါးကပ်တိုင်ကိုထမ်းလျှက် ဦးခေါင်းခွံအရပ်ဟူ၍ တွင်သောအရပ်သို့ ထွက် တော်မူ၏။ ထိုအရပ်ကား၊ ဟေဗြဲစကားအားဖြင့် ဂေါလဂေါသအမည်ရှိ၏။
Acts 6:1ထိုကာလ၌ တပည့်တော်တို့သည် များပြားသည် ရှိသော်၊ နေ့ရက် အစဉ်အတိုင်း လုပ်ကျွေးသောအခါ၊ ဟေလေနစ်အမျိုး မုတ်ဆိုး မတို့ကို မလုပ်မကျွေးဟု ထိုအမျိုးသားတို့သည် မြည်တမ်း၍ ဟေဗြဲ လူတို့ကို အပြစ်တင်ကြ၏။
Acts 13:16ထိုအခါပေါလုသည်ထ၍ မိမိလက်နှင့် အမှတ် ပေးလျက်၊ ဣသရေလလူမှစ၍ ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့၊ နားထောင် ကြလော့။
Acts 21:35လူများတို့သည် ပြင်းထန်သောကြောင့်၊ လှေကားပေါ်သို့ ရောက်သောအခါ၊ စစ်သူရဲတို့သည် ပေါလုကို ချီပွေ့၍ ဆောင်ရကြ၏။