တမန်တော်ဝတ္ထု 21:7
တုရုမြို့မှ ပတောလင်မြို့သို့ရောက်လျှင်၊ ပင်လယ်ကူးခြင်းနှင့် လွတ်ကြ၏။ ပတောလင်မြို့၌ ညီအစ်ကိုတို့နှင့် နှုတ်ဆက်၍ တရက်နေပြီးမှ၊
1835 Judson Burmese Bible
In The King James Version
In Context
6အချင်းချင်းနှုတ်ဆက်ပြီးမှ ငါတို့သည် သင်္ဘောပေါ်သို့တက်၍ သူတို့သည် မိမိအိမ်သို့ပြန်ကြ၏။
Cross References
1 Samuel 13:10မီးရှို့ရာယဇ်ပူဇော်ခြင်းအမှု ပြီးသည်အဆုံး၌ ရှမွေလသည် လာ၏။ ရှောလုသည် ကောင်းကြီးပေး၍ ခရီးဦးကြို ပြုခြင်းငှါ ထွက်သွားလျှင်၊
Acts 12:20ထိုနောက်၊ ဟေရုဒ်မင်းသည် ယုဒပြည်မှ ကဲသရိမြို့သို့သွား၍ နေသည်ရှိသော်၊ တုရုမြို့သားနှင့် ဇိဒုန် မြို့သားတို့ကို အမျက်ထွက်လေ၏။ ထိုသူတို့သည် တညီတညွတ်တည်းလာကြ၍၊ ဗလတ္တုအမည်ရှိသော အတွင်းဝန်ကို ဖျောင်းဖျပြီးမှ၊ အမျက်တော်ပြေမည်အကြောင်း တောင်းပန်ကြ၏။ အကြောင်းမူကား၊ သူတို့ပြည်သည်ပြည်တော်ကိုမှီ၍ ကျွေးမွေးခြင်းကိုခံရ၏။
Acts 21:10ထိုအိမ်၌တာရှည်စွာနေကြပြီးမှ အာဂဗုအမည် ရှိသော ပရောဖက်တယောက်သည် ယုဒပြည်မှလာ၍၊
Acts 25:13ထိုနောက်များမကြာ၊ အဂြိပ္ပမင်းကြီးသည် မိမိ ခင်ပွန်းဗေရနိတ်နှင့်တကွ ဖေတ္တုမင်းကိုနှုတ်ဆက်ခြင်းငှါ ကဲသရိမြို့သို့ ရောက်လာ၏။
Hebrews 13:24သင်တို့ကို အုပ်သောသူအပေါင်းတို့ကို၎င်း၊ သန့်ရှင်းသူအပေါင်းတို့ကို၎င်း၊ နှုတ်ဆက်ကြလော့။ ဣတလိပြည်သူပြည်သားတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။