တမန်တော်ဝတ္ထု 24:15
ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သော သူရှိ သမျှတို့သည် သေခြင်းမှ ထမြောက်ကြလိမ့်မည်ဟူ၍၊ သူကို့မြော်လင့်သည်နည်းတူ၊ အကျွန်ုပ်လည်း ဘုရား သခင်ကို အမှီပြု၍ မြော်လင့်ပါ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Job 19:25ငါ့ကို ရွေးနှုတ်သောသခင်သည် အသက်ရှင်၍၊ နောင်ကာလ၌ မြေမှုန့်အပေါ်မှာ ပေါ်လာတော်မူမည် ဟူ၍၎င်း၊
Matthew 22:31ကောင်းကင်သားဘုရားသခင်၏ တမန်တော်ကဲ့သို့ ဖြစ်ကြ၏။
Acts 23:6ထိုအရာရှိတို့တွင် အချို့တို့သည် ဇဒ္ဒုကဲဖြစ်ကြသည်၊ အချို့တို့သည် ဖာရိရှဲဖြစ်ကြသည်ကို ပေါလုသိမြင်လျှင်၊ ညီအစ်ကိုတို့၊ အကျွန်ုပ်သည် ဖာရိရှဲဖြစ်၏။ ဖာရိရှဲ၏သားလည်းဖြစ်၏။ သေသောသူတို့သည် ထမြောက်မည်ဟု မြော်လင့်ခြင်းအကြောင့်ကြောင့်၊ အကျွန်ုပ်သည် စစ်ကြောစီရင်ခြင်းကို ခံရ၏ဟု လွှတ်တော်ပေါ်မှာ ကြွေးကြော်လေ၏။
Acts 26:6ဘုရားသခင်သည် ဘိုးဘေးများတို့အား ပေးတော်မူသော ဂတိတော်ကိုထောက်၍ မြော်လင့်ခြင်း တရားအကြောင်းကြောင့်၊ အကျွန်ုပ်သည် ယခုတွင် စစ်ကြောစီရင်ခြင်းကို ခံရပါ၏။
1 Corinthians 15:12ယခုမှာ၊ ခရစ်တော်သည် သေခြင်းမှ ထမြောက် တော်မူကြောင်းကို ဟောပြောရသည်ဖြစ်၍၊ သေသော သူတို့သည် ထမြောက်ခြင်းမရှိဟု သင်တို့တွင် အချို့သောသူတို့သည် အဘယ်ကြောင့် ဆိုရကြသနည်း။
1 Thessalonians 4:14ယေရှုသည် သေပြီးမှ တဖန်ထမြောက်တော်မူသည်ကို ငါတို့သည် ယုံလျှင်၊ ထိုနည်းတူ ယေရှု၌ အိပ်ပျော်သောသူတို့ကိုလည်း၊ ထိုသခင်နှင့်အတူ ဘုရားသခင် ပို့ဆောင်တော်မူလိမ့်မည်။