တမန်တော်ဝတ္ထု 26:10
ယေရုရှလင်မြို့၌ ထိုအမှုကို ပြုမိပါ၏။ ယဇ်ပုရောဟိတ်အကြီးတို့ထံ၌ အခွင့်ရပြီးလျှင်၊ သန့်ရှင်းသူ အများတို့ကို ထောင်ထဲမှာ လှောင်ထားပါ၏။ သူတို့သည် အသေသတ်ခြင်းကို ခံရသောအခါ အကျွန်ုပ်သည် ဝန်ခံပါ၏။
1835 Judson Burmese Bible
In The King James Version
In Context
9နာဇရက်မြို့သား ယေရှု၏ နာမတော်နှင့် ဆန့်ကျင်သော အမှုများကို ပြုကောင်း၏ဟု အကျွန်ုပ်သည် စိတ်ထင်လျက်၊
Cross References
Acts 7:58မြို့ပြင်သို့နှင့်ထုတ်ပြီးမှ ကျောက်ခဲနှင့်ပစ်ကြ၏။ သက်သေခံ တို့သည်လည်း မိမိတို့အဝတ်ကို ရှောလု အမည်ရှိသော လုလင်၏ခြေရင်း ၌ထားကြ၏။
Acts 8:3ရှောလုသည် အသင်းတော်ကိုဖျက်ဆီးလေ၏။ အိမ်များသို့ ဝင်ပြီးလျှင် ယောက်ျားမိန်းမတို့ကို ဆွဲငင်၍ ထောင်ထဲ၌လှောင်ထား တတ်၏။
Acts 9:13အာနနိကလည်း၊ သခင်ဘုရား၊ ထိုသူသည် ယေရုရှလင်မြို့၌ ကိုယ်တော်၏ သန့်ရှင်းသူတို့ကို အလယ်မျှလောက်ပင် ညှဉ်းဆဲသည်ကို လူများပြော၍ အကျွန်ုပ်ကြားရပါပြီ။
Acts 9:26ယေရုရှင်လင်မြို့သို့ရောက်သောအခါ၊ တပည့် တော်တို့နှင့် ပေါင်းဘော်မည်ပြုသော်၊ သူသည် တပည့်တော်ဖြစ်ကြောင်းကို တပည့်တော် အပေါင်းတို့ သည် မယုံသဖြင့် သူ့ကိုကြောက်ရွံ့ကြ၏။
Acts 9:41ပေတရုသည် မိမိလက်ကို သူ့အားပေး၍ ချီကြွပြီးမှ၊ သန့်ရှင်း သူတို့နှင့် မုတ်ဆိုးမတို့ကိုခေါ်၍ အသက်ရှင်လျက်ရှိသော ထိုမိန်းမကို ပြလေ၏။
Acts 22:19အကျွန်ုပ်ကလည်း၊ သခင်၊ ကိုယ်တော်ကို ယုံကြည်သော သူတို့ကို အကျွန်ုပ်ထောင်ထဲ၌ လှောင် ထား၍၊ တရားစရပ်များ၌ ရိုက်သည်အကြောင်းကို သူတို့သိကြပါ၏။