တမန်တော်ဝတ္ထု 26:14
အကျွန်ုပ်နှင့် ထိုသူအပေါင်းတို့သည် မြေပေါ်မှာ လဲ၍ နေကြစဉ်၊ ရှောလု၊ ရှောလု၊ ငါ့ကိုအဘယ်ကြောင့် ညှဉ်းဆဲသနည်း။ ဒုတ်ချွန်ကို ခြေနှင့်ကျော်လျှင် ခက်လှသည်ဟု ဟေဗြဲဘာသာအားဖြင့် ပြောသော စကားသံကို အကျွန်ုပ်ကြားလျှင်၊
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Zechariah 2:8ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင်တို့ကို ဖျက်ဆီးသောလူမျိုးတို့ ရှိရာ သို့ ဘုန်းထင်ရှားပြီးမှ ငါ့ကို စေလွှတ်တော်မူ၏။ သင်တို့ ကို ထိသောသူသည် မျက်ဆန်တော်ကို ထိသောသူဖြစ်၏။
Acts 9:4ရှောလုသည် မြေပေါ်မှာလဲ၍နေစဉ်၊ ရှောလု၊ ရှောလု၊ အဘယ်ကြောင့် ငါ့ကိုညှဉ်းဆဲသနည်းဟု မိမိအား ပြောသောစကားသံကို ကြားလျှင်၊
Acts 21:40စစ်သူကြီးသည်အခွင့်ပေးသဖြင့်၊ ပေါလုသည် လှေကားပေါ်မှာ ရပ်၍ထိုလူတို့အား မိမိလက်နှင့် အမှတ်ပေးလေ၏။ သူတို့သည်အလွန် တိတ်ဆိတ်စွာ နေကြသောအခါ၊ ဟေဗြဲဘာသာအားဖြင့်မြွက်ဆိုလျက်၊
Acts 22:7အကျွန်ုပ်သည် မြေပေါ်မှလဲ၍ နေစဉ်၊ ရှောလု၊ ရှောလု၊ အဘယ်ကြောင့်ငါ့ကို ညှဉ်းဆဲသနည်းဟု အကျွန်ုပ်အား ပြောသောစကားသံကိုကြားလျှင်၊