တမန်တော်ဝတ္ထု 26:5
အကျွန်ုပ်သည် ယုဒဘာသာ၌ အလွန်ကျပ်တည်းစွာသော နည်းဥပဒေသကိုခံ၍၊ ဖာရိရှဲဖြစ်သည်ကို ထိုသူတို့သည် သက်သေခံခြင်းငှါ အလိုရှိလျှင် ရှေးဦးစွာကပင် သိကြပါ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Acts 22:5ထိုကဲ့သို့ပင်ယဇ်ပုရောဟိတ်မင်းမှစ၍ လူအကြီးအကဲအပေါင်းတို့သည်လည်း အကျွန်ုပ်သည် ညီအစ်ကိုတို့ထံသိမှာစာကို ခံပြီးမှ၊ ဒမာသက်မြို့၌ရှိသော ထိုဘာသာဝင်သူတို့ကို ဒဏ်ခံစေခြင်းငှါ ချည်နှောင်၍ ယေရုရှလင် မြို့သို့ပို့မည်ဟု ဒမာသက်မြို့သို့အကျွန်ုပ်သွားပါ၏။
Acts 24:5နာဇရက်ဘာသာဝင်သူတို့တွင် အကြီးလုပ်၍ အရပ်ရပ်တို့၌ ယုဒလူအပေါင်းတို့ကို ထစေခြင်းငှါ နှိုးဆော်သော ဤလူဆိုးကို အကျွန်ုပ်တို့သည် တွေ့ကြပါပြီ။
Philippians 3:5ငါသည်ရှစ်ရက်မြောက်သောနေ့၌ အရေဖျား လှီးခြင်းကို ခံရ၏။ ဣသရေလအမျိုး၊ ဗင်္ယာမိန် အနွယ် ဖြစ်၏။ ဟေဗြဲလူမှဆင်းသက်သော ဟေဗြဲလူစစ်ဖြစ်၏။ တရားအားဖြင့် ဖာရိရှဲဖြစ်၏။